Powered by Blogger.

Galaxy S7 Edge ဖုန်း ကို clone လုပ်ထားတယ်လို့ဆိုရမယ့် Vivo Xplay 6စမတ်ဖုန်း



ပုံမှာ ကြည့်တာနဲ့တင် Samsung ရဲ့ Galaxy S7 Edge ဖုန်းကို အတုယူ ထုတ်လုပ်ထားတယ်ဆိုတာ သိသာပါတယ်။ Home ခလုတ်လေးအနည်းငယ် ဝိုင်းသွားတာကလွဲပြီး ကျန်တာက အားလုံးပုံစံတူပါပဲ။ ဒါကတော့ Vivo ကနေ ထုတ်လုပ်လိုက်တဲ့ Xplay 6 အမည်ရ ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။

ကျောဘက်မှာ ကင်မရာ နှစ်လုံးပါဝင်တဲ့ Xplay 6 ဟာ ဆမ်ဆောင်းရဲ့ S7 Edge ထက်တော့ ဈေးပေါပါတယ်။ တရုတ်ကုမ္ပဏီဟာ ၅.၄၆ လက်မ အကျယ်နဲ့ 2K Resolution ရှိတဲ့ အနားကွေးမျက်နှာပြင်ကို ဒီမှာ တပ်ဆင်ထားပြီး AMOLED display နဲ့ ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။ Vivo ကတော့ Samsung ဖုန်းတွေမှာ ပါဝင်တဲ့ မျက်နှာပြင်အကွေး toolbar တစ်ခုကိုလည်း ဒီဖုန်းမှာ ထည့်ထားပြီး Snapdragon 820 ပရော်ဆက်ဆာနဲ့ ဖုန်းမြန်နှုန်းကို ထောက်ပံ့ပေးထားပါတယ်။

သူ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပါဝင်တဲ့ပစ္စည်းတွေက မဆိုးပေမယ့်လည်း ဒီဇိုင်းပိုင်းကြောင့် ဝေဖန်ခံနေရတာပါ။ RAM ကတော့ 6GB ပါဝင်ပါတယ်။ ရှားပါး RAM 6GB ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ ကင်မရာကတော့ 12MP ရှိပြီး Sony ရဲ့ IMX362 ဆန်ဆာနဲ့ အပါချာကတော့ f/1.7 ရှိပါတယ်။ တွဲဘက်ကင်မရာကတော့ 5MP ရှိပါတယ်။

ရှေ့ကင်မရာကတော့ 16MP အထိရှိပြီး လုံးဝ ဆယ်လ်ဖီဘက်ကို အသားပေးထားတဲ့ ဖုန်းတစ်လုံးပါ။ ဘက်ထရီပမာဏကတော့ 4080 mAh ပါဝင်တာကြောင့် တော်တော်လေးကို ပမာဏကြီးပါတယ်။ ဖြုတ်ပစ်မယ်ဆိုတဲ့ နားကြပ်ပေါက်ကတော့ ဆက်လက်ပါဝင်လျက်ရှိပါတယ်။ ဒီဇင်ဘာ ၁၂ ရက်မှာ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး ၆၅၅ ဒေါ်လာ တန်ဖိုးရှိပါတယ်။

( Mocha )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : AndAuth


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment