Powered by Blogger.

မောင်းသူမယ့် AI ကားသစ်အတွက် Teaser တစ်ခု ထုတ်ဖော်လိုက်တဲ့ Faraday Future



အမေရိကန် AI ကားကုမ္ပဏီ Faraday Future ဟာ နောက်ထုတ်လုပ်မယ့် မျိုးဆက်သစ်ကား အမျိုးအစားသစ်ဖြစ်ဟန်ရှိတဲ့ ကားအတွက် Teaser ဗီဒီယိုတစ်ခုကို တင်ခဲ့ပြီး စတင်မိတ်ဆက်ခဲ့ပါတယ်။

လာမယ့် CES 2017 မှာ ထုတ်ဖော်ဖွယ်ရှိနေတဲ့ ကားအသစ်အတွက် ဗီဒီယိုကို YouTube ပေါ်မှာ တင်ခဲ့တာဖြစ်ပြီး ခေတ်လွန်နည်းပညာတစ်ရပ်ရဲ့ Prototype Vehicle အနေနဲ့ ထွက်လာမှာပါ။ “Who said don’t reinvent the wheel?” လို့ Tagline ရေးထားပြီး ရိုက်ကူးရာမှာလည်း ဘီးတွေကို အဓိကအသားပေး ရိုက်ကူးခဲ့တာပါ။

ဒီကားဟာဆိုရင် ထွက်မယ်လို့ သတင်းပြေးထားတဲ့ Model X ရဲ့ ပုံစံဖြစ်တယ်လို့လည်း သတင်းတွေက ဆိုခဲ့ကြပြီး ကုမ္ပဏီအနေနဲ့ကတော့ ပဟေဠိတစ်ခုလို ထားခဲ့တာပါ။ ဗီဒီယိုကိုအောက်မှာ ကြည့်ရှုနိုင်ပါတယ်။



( Mocha )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Faraday

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment