Powered by Blogger.

2017 K စီးရီးနဲ့ Stylus 3 စမတ်ဖုန်းများကို LG မိတ်ဆက်



LG ဟာ စမတ်ဖုန်း အမျိုးအစားသစ်တွေအနေနဲ့ 2017 K စီးရီး တွေဖြစ်တဲ့ (K3, K4, K8, နဲ့ K10) နဲ့ Stylus 3 ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ ဒီဖုန်းတွေကို လာမယ့် ၂၀၁၇ CES ပွဲမှာ ထုတ်ဖော်သွားမှာ ဖြစ်ပါတယ်။

K10 ဟာ Mediatek MT6750 SoC နဲ့ ၅.၃လက်မအရွယ် HD Display တွေကို တပ်ဆင်ထားပါတယ်။ RAM အနေနဲ့ 2GB ရှိပြီး Internal Memory ကတော့ 32 GB ရှိပါတယ်။ ကင်မရာပိုင်းမှာတော့ 13MP ကျောဘက်ကင်မရာနဲ့ 5MP ရှေ့မျက်နှာကင်မရာတွေ ပါဝင်တယ်လို့ သိရပါတယ်။ အဲ့ဒီအပြင် 2800 mAh ဘက်ထရီ၊ Android 7.0 Nougat ဗားရှင်းနဲ့ အလုပ်လုပ်ပြီး Fingerprint ဆင်ဆာကိုလည်း ထည့်သွင်းထားတာပါ။

K8 2017 ကတော့ Snapdragon 425 chipset ကို အသုံးပြုထားပြီး မျက်နှာပြင်အကျယ် ၅လက်မ HD မျက်နှာပြင်ကို အသုံးပြုထားတာပါ။ RAM 1.5GB, Internal Memory 16GB နဲ့ ကင်မရာတွေက 13MP/5MP ရှိပါတယ်။ K10 လိုပဲ Android 7.0 ဗားရှင်းနဲ့ ပဲ အလုပ်လုပ်မှာဖြစ်ပြီး 2500 mAh ဘက်ထရီ ပါဝင်တယ်လို့ သိရပါတယ်။


နောက်ထပ် K စီးရီးနှစ်ခုကတော့ Entry Level အမျိုးအစား K4 နဲ့ K3 ဖြစ်ပါတယ်။ Snapdragon 210 Chipset, 1GB RAM, 8GB Storage, Marshmallow Version, မျက်နှာပြင်အကျယ် ၅လက်မနဲ့ ၄.၅လက်မ၊ တွေပါဝင်ပါတယ်။ ကင်မရာကတော့ K4 မှာ 5MP/5MP ပါဝင်ပြီး K3 မှာ 5MP/2MP ပါဝင်တယ်လို့ သိရပါတယ်။ ဘက်ထရီပမာဏကတော့ 2500mAh နဲ့ 2100 mAh ရှိပါတယ်။

နောက်ဆုံး Stylus 3 အမျိုးအစားကတော့ Mediatek ရဲ့ MT6750 SoC နဲ့ Octa-core CPU၊ မျက်နှာပြင်အကျယ်၊ ၅.၇လက်မအရွယ် HD မျက်နှာပြင်နဲ့ 3GB RAM, 16GB Storage တွေပါဝင်ပါတယ်။ 13MP/8MP ကင်မရာတွေပါဝင်ပြီး ဘက်ထရီပမာဏ 3200mAh အထိ ရှိပါတယ်။ Android 7.0 ဗားရှင်းနဲ့ အလုပ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။


( U Min Thant )


#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: GSM Arena




Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment