Powered by Blogger.

Faraday Future ရဲ့ Prototype ကားကို Bentley, Ferrari နဲ့ Tesla ကားတွေနဲ့ ပြိုင်မောင်းပြီး စမ်းသပ်ခဲ့



Faraday Future ဟာ လာမယ့် ဇန်နဝါရီလမှာ ထုတ်ဖော်ဖွယ်ရှိနေတဲ့ လျှပ်စစ်ကားအတွက် နောက်ဆုံး Promotion Video ကလစ်တစ်ခုကို ထုတ်ဖော်ခဲ့ပါတယ်။

 ဗီဒီယိုထဲမှာ Tesla ရဲ့ Model X P100D, Bentley ရဲ့ Bentayga SUV နဲ့ Ferrari ရဲ့ 488 GTB တို့လို အမိုက်စားကားတွေနဲ့ သူတို့ ကားသစ်ကို ယှဉ်ပြိုင်နေတဲ့ ပုံကို ပြသခဲ့တာပါ။

ယှဉ်ပြိုင်တဲ့အခါမှာ Faraday ရဲ့ ကားကသာ အသာစီးရသွားတာကိုလည်း ဖော်ပြထားခဲ့ပါတယ်။

Faraday အနေနဲ့ ကားသစ်ကို ကမ္ဘာ့အမြန်ဆုံးဖြစ်ကြောင်း ထုတ်ဖော်လိုတဲ့ အနေနဲ့လည်း ယခုလို ယှဉ်ပြိုင်ခဲ့တာဖြစ်နိုင်ကြောင်း သတင်းတွေက ရေးသားခဲ့ကြပါတယ်။

 ဗီဒီယိုကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။



( U Min Thant )


#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: GSM Arena




Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment