Apps တွေကို အလိုအလျောက် Install လုပ်တဲ့ Malware တစ်ခု ပျံ့နှံ့နေ
ဟိုးလေးတစ်ကျော်ဖြစ်ခဲ့တဲ့ Googlian Malware ရဲ့နောက်မှာတော့ နောက်ထပ် malware campaign တစ်ခုက ထပ်ပေါ်လာပြန်ပါပြီ။ ဒီ malware ကတော့ Android ဖုန်း တစ်သန်းကျော်ကို ကူးစက်နေတယ်လို့သိရပြီး အက်ပလီကေးရှင်းတွေကို အသုံးပြုသူမခိုင်းစေဘဲ auto-install လုပ်နိုင်တယ်လို့ သိရပါတယ်။
ဒီ Malware ဟာ Google Play Store မဟုတ်တဲ့ အပြင် third-party app stores က apps တွေကနေတစ်ဆင့်ဝင်ရောက်လာတာ ဖြစ်တယ်လို့သိရပါတယ်။ Android ဗားရှင်း 4 နဲ့ 5 ဖြစ်တဲ့ Jelly Bean နဲ့ Kitkat ဗားရှင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ထားတာဖြစ်တယ်လို့ သိရပြီး third-party app stores တွေကို အသုံးများတဲ့ အာရှက ဖုန်းအလုံးရေက ငါးသိန်းလောက်ပါဝင်နေတယ်လို့ သိရပါတယ်။
ဒီ malware ဟာ Google Apps store က Rating မကောင်းတဲ့ apps တွေကို ဖုန်းထဲကို install လုပ်မှာဖြစ်ပြီး တစ်ခြား G mail နဲ့ Google drive တွေကို access ရအောင်ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။
Google ကတော့ ဒီ malware ဟာ personal data တွေကို မခိုးယူနိုင်ဘူးလို့ ပြောကြားထားပြီး Google Play Store ပေါ်က ပစ်မှတ်ထားတဲ့ apps တွေကို rating ကောင်းလာအောင် အတင်းပြုလုပ်တဲ့ malware သာဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ဘယ်လိုပြဲဖစ်ဖြစ် malware တွေ မကိုက်အောင် ရှောင်တာက အကောင်းဆုံးပဲဖြစ်ပါတယ်။
( Mocha )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: The Verge
0 comments:
Post a Comment