Powered by Blogger.

Web ရဲ့ Google Search မှာ Movie တွေကို ကိုယ်တိုင် Rating ပေးနိုင်ပြီ



သင့်အနေနဲ့ ရုပ်ရှင် ပရိတ်သတ်တစ်ယောက်ဆိုရင်တော့ Google.com မှာ ကိုယ်ရှာဖွေထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေအတွက် Rating တွေကို ပေးနိုင်ပြီဖြစ်ပါတယ်။ Google အနေနဲ့ ဝက်ဘ်ဆိုက်ကနေ ဇာတ်ကားတွေကို ရှာဖွေတာကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေထဲမှာ Like/Dislike ခလုတ်နှစ်ခုကို ထည့်သွင်းပေးထားပြီး စိတ်ကြိုက်ပေးနိုင်မှာပါ။

Google Web Search Result မှာ  IMDb နဲ့ Rotten Tomatoes တို့ရဲ့ Rating တွေနဲ့အတူ ဘေးမှာ Google Users ဆိုပြီး နောက်တစ်မျိုးအနေနဲ့ Google အသုံးပြုသူတွေ ပေးထားတဲ့ ရလဒ်ကိုပါ ဖော်ပြပေးမှာပါ။ Google ဟာ ဒီရလဒ် (%) တွေကို ရှာဖွေတဲ့နေရာနဲ့အနီးဆုံးနေရာနဲ့ နီးစပ်တဲ့ Landing Area ကပေးထားတဲ့ % ကို ဖော်ပြပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။


ဒါပေမယ့် လုပ်ဆောင်ချက်ဟာ ထုတ်လုပ်ထားတာ မကြာသေးတာကြောင့် ဇာတ်ကားအဟောင်းတွေနဲ့ တချို့နေရာတွေမှာ ရရှိသေးဦးမှာမဟုတ်ပါဘူး။ ကျွန်တော်ကတော့ Google.com ဝင်ပြီး ဇာတ်ကားတစ်ကားရဲ့ နာမည်နဲ့ခုနှစ်ရိုက်ထည့်ပြီးရှာလိုက်ရမှာအဆိုပါ လုပ်ဆောင်ချက် ရရှိနေတာကို တွေ့ခဲ့ရပါတယ်။


( U Min Thant )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com



Ref: Android Police

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment