Powered by Blogger.

NES Classic Edition ဂိမ်းကွန်ဆိုးပေါင်း ၂၀၀,၀၀၀ ကို Nintendo ရောင်းချ



Nintendo ဟာ NES Classic Edition Consold ပမာဏ အမြောက်အများကို ရောင်းချမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ လတုန်းကလည်း US မှာ Nintendo ဟာ ဂိမ်းစက်အလုံးရေ ၁၉၆၀၀၀ ကိုရောင်းချခဲ့ရပါတယ်။ ဒါဟာဆိုရင် ပြီးခဲ့တဲ့ ခြောက်နှစ်လောက်တုန်းက ရောင်းချခဲ့တဲ့ Wii U အလုံးရေ ၂၂၀၀၀၀ စံချိန်ကို ကပ်သွားခဲ့တာလည်း ဖြစ်ပါတယ်။

NES Classic Edition ကို ဒေါ်လာ ၆၀နဲ့ ရောင်းချမှာဖြစ်ပြီး Classic Game ၃၀ပါဝင်မှာပါ။ အလုံးတွေကို Walmart, GameStop နဲ့ Amazon တို့ကတစ်ဆင်းမှာယူနိုင်ပါတယ်။

Nintendo ဥက္ကဌ Fils Aime ရဲ့ ပြောကြားချက်အရ US ဟာ Nintendo ရဲ့ အဓိက ဈေးကွက်ကြီးထဲမှာ ပါဝင်နေဆဲဖြစ်ကြောင်း၊ ဒါကြောင့် ပရိတ်သတ်တွေကို ဆက်လက်သိမ်းပိုက်ထားနိုင်ဖို့အတွက် ကြိုးပမ်းနေကြောင်း CNet နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

( U Min Thant )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment