Powered by Blogger.

Note 7 ဖုန်းကို ဆက်လက်အသုံးပြုနေသူဦးရေမှာ LG V20,HTC Bolt အသုံးပြုသူထက်မြင့်မားနေ



ဘက်ထရီပေါက်ကွဲမှုတွေကြောင့် ပြန်လည်သိမ်းယူခဲ့တဲ့ Samsung Galaxy Note 7 ဖုန်းကို ဆက်လက်အသုံးပြုနေသူအရေအတွက်ဟာ တစ်ခြားပြိုင်ဘက်ဖုန်းတွေဖြစ်တဲ့ LG V20, HTC Bolt နဲ့ OnePlus 3T ဖုန်းတွေထက်တောင် မြင့်မားလျက်ရှိနေတယ်လို့ သိရပါတယ်။

 ၂၀၁၆ ခုနှစ်ရဲ့ နှစ်လယ်ပိုင်းလောက်မှာ ထုတ်လုပ်ခဲ့တဲ့ Note 7 ဖုန်းဟာ ပြန်လည်သိမ်းယူနေပေမယ့်လည်း အခုအချိန်အထိ ဆက်လက်အသုံးပြုသူတွေ ရှိနေသေးတာပါ။

Samsung ဟာ အသုံးပြုသူတွေအတွက် ဘက်ထရီအသစ်တွေနဲ့ Note 7 ဖုန်းတွေကိုအစားထိုးပေးခဲ့ပြီး အဆင်မပြေခဲ့ပါဘူး။ ဒါပေမယ့်လည်း လဲပေးလိုက်တဲ့ အလုံးသစ်တွေကို အသုံးပြုသူအများစုက ထပ်မံလဲလှယ်ခြင်းမရှိတော့ဘဲ ဆက်လက်အသုံးပြုနေတာဖြစ်ပါတယ်။

 အခုလို အသုံးပြုနေတဲ့ ဦးရေဟာ တစ်ခြားပြိုင်ဘက်တွေ ဖြစ်တဲ့ LG, HTC နဲ့ OnePlus ဖု
န်းတွေထက်ပိုပြီးသာလွန်နေတာကတော့ Samsung ရဲ့ အရှိန်အဝါကြောင့်လို့လည်း ဆိုရမှာပါ။

( Mocha )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Android Authority

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment