Powered by Blogger.

Redmi Note 4 ကိုအပြာနဲ့ အနက်ရောင်ဗားရှင်းတွေနဲ့ Xiaomi ထုတ်လုပ်



ဒီနေ့မှာ Xiaomi ဟာ Redmi Note 4 အတွက် အရောင်ဗားရှင်းအသစ် နှစ်မျိုးကို ထပ်မံထည့်သွင်းထုတ်လုပ်လိုက်တယ်လို့ သိရပါတယ်။ Xiaomi အနေနဲ့ ယခင်ထုတ်လုပ်ခဲ့တဲ့ Silver, Gray, နဲ့ Gold အရောင်တွေအပြင် Blue နဲ့ Black ဆိုပြီး နှစ်ရောင်တိုးပြီး ထပ်မံ ထုတ်လုပ်လိုက်ပါ။

ဒီအရောင်တွေဟာ ပြီးခဲ့တဲ့အပတ်တုန်းက Samsung က Galaxy S7 Edge စမတ်ဖုန်းကို Blue Coral နဲ့ Black Pearl ဆိုပြီး အရောင်ဗားရှင်းအသစ်တွေနဲ့ ထပ်တိုးထုတ်လုပ်ခဲ့ပြီးနောက်မှာ ပေါ်ပေါက်လာခဲ့တာပါ။

ဒါပေမယ့် Redmi Note 4 စီးရီးရဲ့ အရောင်ကွဲတွေအနေနဲ့ Samsung ရဲ့ အရောင်နဲ့တော့ တူညီဖွယ်မရှိပါဘူး။ အနက်နဲ့ အပြာမော်ဒယ်တွေဟာ 3GB RAM နဲ့ 32 GB Storage, 3GB RAM နဲ့ 64 GB ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့သာ ထုတ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

( U Min Thant )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: GSM Arena

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment