နောက်နှစ်အစောပိုင်းမှာ အဓိက စမတ်နာရီနှစ်မျိုးကို Google ထုတ်ဖော်မည်
Google ဟာ ထုတ်လုပ်ဖို့အတွက် ကာလရှည် ပြင်ဆင်နေတဲ့ အဓိက စမတ်နာရီမျိုးဆက်သစ်နှစ်မျိုးကို နောက်နှစ်ပထမသုံးလပတ်အတွင်းမှာ ထုတ်ဖော်ဖွယ်ရှိနေတယ်လို့ Google Android Wear ရဲ့ Product Manager ဖြစ်သူ Jeff Chang ရဲ့ ပြောကြားချက်အရ သိရပါတယ်။
စမတ်နာရီတွေဖြစ်တဲ့ Android Wear 2.0 ပစ္စည်းသစ်တွေကို ပလက်ဖောင်းသစ်တစ်ခုအနေနဲ့ ထည့်သွင်းထားခဲ့တာပါ။
စမတ်နာရီအသစ်အတွက် ကောလာဟလသတင်းတွေများစွာ ထွက်ပေါ်ခဲ့ဖူးပေမယ့် Google က သတင်းမပေါက်အောင် ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။ မော်ဒယ်အသစ်တွေအနေနဲ့ Google ဒါမှမဟုတ်၊ Pixel Brand နဲ့ ထုတ်လုပ်မှာ မဟုတ်ကြောင်းလည်း သိရပါတယ်။
Google အနေနဲ့ စမတ်နာရီမှာ Google Voice Assistant, Android Pay နဲ့ Pixel စမတ်ဖုန်းတွေနဲ့ ဖွင့်နိုင်မယ့်စနစ် Home Speaker တို့နဲ့ ချိတ်ဆက်မယ့် စနစ်တွေ ပါဝင်လာနိုင်ဇွယ်ရှိနေတယ်လို့ သိရပါတယ်။
( U Min Thant )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: The Verge
0 comments:
Post a Comment