Powered by Blogger.

Samsung Galaxy A စီးရီးဖုန်းသစ်တွေမှာ Curved display ကို အသုံးပြုသွားမည်


Samsung ကတော့ သူတို့ရဲ့ Galaxy A စီးရီးဖုန်းတွေမှာ Galaxy S နဲ့ Note မျိုးဆက်တွေမှာ အသုံးပြုလျက်ရှိနေတဲ့ ဒေါင့်ကွေး မျက်နှာပြင်ကို အသုံးပြဲသွားဖွယ်ရှိနေပါတယ်။

 Samsung ကတော့ သူတို့ရဲ့ အလယ်အလတ်တန်းစားဖုန်းတွေမှာလည်း OLED Display မျက်နှာပြင်ကွေးတွေကို အသုံးပြုသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

A9, A7, A5, A3 စတဲ့ A မျိုးဆက်ဖုန်းတွေမှာ မျက်နှာပြင်ကွေးနဲ့ ထုတ်လုပ်ခဲ့ခြင်းမရှိခဲ့ပေမယ့်လည်း နောက်ပိုင်းထွက်ရှိသွားမယ့် A စီးရီးသစ်တွေမှာတော့ မျက်နှာပြင်ကွေးတွေကို အသုံးပြုသွားဖွယ်ရှိနေပါတယ်။

Samsung Electronics ကတော့ သူတို့ရဲ့ ထုတ်ကုန်အားလုံးကို တန်ဖိုးထားပြီး အနိမ့်စားမော်ဒယ်လ်ပစ္စည်းတွေအတွက်လည်း အမြဲတမ်းဂရုစိုက် လုပ်ဆောင်နေတယ်ဆိုတာကို သက်သေပြတဲ့အနေနဲ့ အခုလိုမျိုး ထုတ်လုပ်လိုက်တာလည်း ဖြစ်မှာပါ။ Samsung ဟာ ၂၀၁၇ မှာ ထုတ်လုပ်မယ့် Samsung Galaxy S8 ဖုန်းမှာလည်း မျက်နှာပြင်ကွေးကိုပဲ ဆက်လက်အသုံးပြုသွားမယ်လို့ သိရပါတယ်။


( Mocha )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : AA

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment