Powered by Blogger.

Messenger မှာ Pac-Man အပါအဝင် တစ်ခြား Classic Game တွေကို ကစားနိုင်ပြီ


Messenger ကတော့ သူငယ်ချင်းတွေနဲ့ စကားပြောရုံတင်မကပါဘူး။ စကားပြောရင်း သူငယ်ချင်းတွေနဲ့ ဂိမ်းပြိုင်ဆော့လို့ရအောင် ဘတ်စကတ်ဘောဂိမ်းတွေ ၊ ဘောလုံးဂိမ်းတွေကို ထည့်သွင်းပေးထားတာ ကြာမြင့်ခဲ့ပါပြီ။

ဒါပေမယ့်လည်း ဒါတွေနဲ့ ရပ်တန့်ခြင်းမရှိဘဲ ကလေးဘဝက နာမည်ကြီးခဲ့တဲ့ classic ဂိမ်းဖြစ်တဲ့ Pac Man လို ဂိမ်းမျိုးတွေ ဆော့ကစားလို့ရအောင်လည်း Messenger ရဲ့ နောက်ဆုံး Update မှာ ထည့်သွင်းပေးလိုက်ပါပြီ။

Messenger ရဲ့ နောက်ဆုံး Update မှာတော့ Game Controller ပုံစံ icon လေးကို စာရိုက်တဲ့နေရာမှာ ပါဝင်လာတာကို တွေ့ရမှာဖြစ်ပြီး အဲ့ပေါ်ကို နှိပ်လိုက်ရုံနဲ့ ဂိမ်းတွေကို ဆော့ကစားနိုင်မှာပါ။

 လောလောဆယ်မှာတော့ Messenger ရဲ့ ဂိမ်းပလက်ဖောင်းမှာ ဂိမ်း ၁၇ ခုအထိ ထည့်သွင်းထားတာကိုတွေ့ရမှာဖြစ်ပြီး ငယ်ငယ်တုန်းက အသည်းစွဲဂိမ်းတွေဖြစ်တဲ့ Pac-Man, Galaga, Space Invaders နဲ့ Words with Friends: Frenzy ဂိမ်းတွေကို အေးအေးဆေးဆေး ဆော့ကစားနိုင်တော့မှာပါ။

ဒါ့ကြောင့် messenger မှာ သူငယ်ချင်းတွေနဲ့ ဂိမ်းကစားရင်း Leaderboard မှာ ဦးဆောင်နိုင်အောင် အခုပဲ Update လုပ်လိုက်သင့်ပါတယ်။ လောလောဆယ်မှာတော့ နိုင်ငံပေါင်း ၃၀ ကျော်မှာ စတင်ကစားနိုင်ပြီဖြစ်ပြီး ကိုယ့်နိုင်ငံမှာ ကစားနိုင်မယ့် အချိန်ကိုတော့ မျက်ခြေမပြတ် စောင့်ကြည့်နေရတော့မှာပါ။

Go play the Pac-Man!!!

( Mocha )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : And


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment