Spotify ကို Samsung Gear S3 နဲ့ S2 မော်ဒယ်တွေမှာ ရရှိ
သီချင်းနားထောင်တဲ့ App တစ်ခုဖြစ်တဲ့ Spotify ကို ယခုအခါမှာ Samsung Gear S3 နဲ့ S2 မော်ဒယ်တွေမှာ စတင်ရရှိပြီဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် အကန့်အသတ်နဲ့ သာသုံးစွဲလို့ ရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့လိုအကန့်အသတ်နဲ့အပြင် Spotify ရဲ့ Premium Subscriber တွေအနေနဲ့ Offline မှာ နားထောင်နိုင်ဦးမှာ မဟုတ်ပါဘူး။ သင့်အနေနဲ့ သင့် Gear နာရီတွေမှာ Wi-Fi, LTE Network တွေကနေသာ နားဆင်နိုင်ဦးမှာ ဖြစ်ပါတယ်။
Premium မဝယ်ထားတဲ့ Subscriber တွေကတော့ သီချင်းနားထောင်နိုင်ဦးမှာမဟုတ်ပဲ၊ Playlist လုပ်တာတွေ၊ Shuffle mode တွေသာပါဝင်မှာ ဖြစ်ပါတယ်။ Premium Subscribers တွေသာ နားထောင်ရဦးမယ့်အပြင်၊ သီချင်းတွေကိုလည်း ကန့်သတ်ထားတာ ဖြစ်ပါတယ်။
ဒီလိုကန့်သတ်ချက်များနေလို့ Gear နာရီသုံးစွဲသူတွေကတော့ သိပ်အကြိုက်မတွေ့ကြသေးတာကိုလည်း တွေ့ခဲ့ကြရပါတယ်။ Spotify ဟာ လက်ရှိမှာ လူသုံးအများဆုံး Music App တစ်ခုဖြစ်ပေမယ့် ပြီးခဲ့တဲ့ Apple Event မှာတုန်းက Apple Music အသုံးပြုသူတွေဟာ Spotify အသုံးပြုသူတွေရဲ့ တစ်ဝက်ရောက်ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။
( U Min Thant )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: GSM Arena
0 comments:
Post a Comment