သုံးရက်အတွင်းမှာ ဒေါ်လာ ၁၄ သန်းအထိ ဝင်ငွေရရှိခဲ့တဲ့ Super Mario Run
Super Mario Run ဂိမ်းကတော့ အရှိန်အဟုန်ကောင်းနေခဲ့ပါတယ်။
သုံးရက်အတွင်း ဒေါ်လာ ၁၄ သန်းအထိ Nintendo ကုမ္ပဏီအတွက် ရှာဖွေခဲ့ပေးနိုင်ပြီဖြစ်ပါတယ်။ ဒီဂိမ်းကိုတော့ လက်ရှိအထိ ဆော့ကစားသူ သန်းလေးဆယ်လောက်အထိ ဒေါင်းလုဒ်ဆွဲမှုရှိနေပါတယ်။
၁.၄ သန်းသော ကစားသူတွေကတော့ ဂိမ်းရဲ့ဗားရှင်းအားလုံးကို ဖွင့်ပြီး ကစားဖို့အတွက် ၉.၉၉ ဒေါ်လာပေးပြီး ဝယ်ယူကစားနေကြပြီဖြစ်တယ်လို့ သိရပါတယ်။
Super Mario Run ဂိမ်းဟာဆိုရင်တော့ စတင်ပြီး Launch ပြုလုပ်ချိန်မှာပဲ ဒေါ်လာ ငါးသန်းအထိ ဝင်ငွေရခဲ့ပြီး ငါးသန်းသော ဒေါင်းလုဒ်ကနေ အခုလို ရှာဖွေနိုင်ခဲ့တာပါ။ ဒီမှတ်တမ်းဟာဆိုရင်တော့ Pokemon GO ဂိမ်းထက် ကောင်းမွန်နေတဲ့ အနေအထးတစ်ခုပဲဖြစ်ပါတယ်။
ကလေးဘဝက နှစ်သက်ခဲ့ကြတဲ့ ဒီဂိမ်းကို ပြန်လည်ဆော့ကစားဖို့အတွက် အများစုက ရင်ခုန်လျက်ရှိနေပြီး ၁၀ ရာနှုန်းသောကစားသူတွေကတော့ ဂိမ်း Level အားလုံးအတွက် ဝယ်ယူပြီး ဆော့ကစားလျက်ရှိနေတယ်လို့ သိရပါတယ်။
( Mocha )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Android Authority
0 comments:
Post a Comment