Powered by Blogger.

Window 10 စနစ်သုံး Xiaomi Mi Pad 3 ကို ဒီဇင်ဘာလ ၃၀ရက်နေ့တွင်ထုတ်ဖော်ဖွယ်ရှိနေ



ပြီးခဲ့တဲ့တစ်နှစ်ကျော်က ထုတ်လုပ်ခဲ့တဲ့ Xiaomi ရဲ့ Mi Pad 2 ကိုဆက်ခံမယ့် မျိုးဆက်သစ် Mi Pad3 ကို လာမယ့် နှစ်ကုန်ပိုင်းလောက်မှာ ထုတ်ဖော်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Mi Pad 3 ဟာ ယခင်မျိုးဆက်ဟောင်းတွေထက်ပိုမိုကြီးမားတဲ့ မျက်နှာပြင် ပါဝင်လာမှာ ဖြစ်ပြီး အကျယ် ၉.၇လက်မအရွယ် 2048 x 1536 Screen ပါဝင်မှာပါ။ ဒီအရွယ်အစားနဲ့ Resolution ဟာ Apple ရဲ့  iPad Pro 9.7 နဲ့အတူတူပဲဖြစ်ပါတယ်။ Mi Pad 3 ဟာ Apple ရဲ့ တက်ဘလက်တွေထက်တောင် ပါးလွှာဖွယ်ရှိပြီး 6.08 မီလီမီတာသာရှိမှာဖြစ်ပါတယ်။


Mi Pad 3 ဟာ Intel ရဲ့ 7th Generation Core m3-7Y30 processor ကိုထည့်သွင်းထားမှာဖြစ်ပြီး RAM အနေနဲ့ 8GB ရှိမှာပါ။ Storage အနေနဲ့ 128GB နဲ့ 256GB ဆိုပြီး နှစ်မျိုးရှိမှာဖြစ်ပါတယ်။

 Windows 10 စနစ်နဲ့အလုပ်လုပ်မှာဖြစ်တာကြောင့် Mi Device တွေထဲမှာ ပထမဆုံးဖြစ်လာမှာဖြစ်ပါတယ်။ ဘက်ထရီအနေနဲ့ 8290 mAh ဘက်ထရီနဲ့ USB Type-C Port တို့ပါဝင်မှာပါ။ ကင်မရာပိုင်းမှာတော့ 16MP ကျောဘက်ကင်မရာနဲ့ 8MP ရှေ့မျက်နှာကင်မရာတို့ ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

သတင်းတွေအရ ပစ္စည်းသစ်အတွက် 128GB ဗားရှင်းကို ဈေးနှုန်း ဒေါ်လာ ၂၈၉နဲ့ ထုတ်လုပ်မှာဖြစ်ကာ၊ 256GB ဗားရှင်းကိုတော့ ဈေးနှုန်း ဒေါ်လာ ၃၃၂နဲပထုတ်လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ ကီးဘုတ်ကို ၁၄ဒေါ်လာနဲ့ဝယ်ယူရမှာဖြစ်ပါတယ်။ Android ဗားရှင်း အနေနဲ့ရောထုတ်လုပ်ဦးမလားဆိုတာကိုတော့ သေချာမသိရှိရသေးပါဘူး။

( U Min Thant )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: GSM Arena

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment