iPhone နဲ့ iPad တွေမှာ Super Mario Run ဂိမ်းကစားနို်င်ပြီ
မိုဘိုင်းလ်ဖုန်းတွေအတွက် ထွက်ရှိပေးမယ်ဆိုတဲ့ နာမည်ကျော် Super Mario Run ဂိမ်းကတော့ iPhone နဲ့ iPad တွေမှာ ကစားနိုင်ဖို့အတွက် ထွက်ရှိလာပြီဖြစ်ပါတယ်။
Android အတွက်လည်း မကြာခင်မှာ ဆော့ကစားနိုင်တော့မှာပါ။ Apple Store ကနေ Free Download ပြုလုပ်ပြီး ဆော့ကစားနိုင်မှာဖြစ်ပြီး ပေးထားတဲ့ အခန်းတွေ အကုန်အောင် သွားလို့ ထပ်ပြီး ဆော့ချင်သေးတယ်ဆိုရင်တော့ Level အမြင့်တွေကို ၉.၉၉ ဒေါ်လာနဲ့ ဝယ်ယူဆော့ကစားရမှာဖြစ်ပါတယ်။
ပြေးတဲ့ ဂိမ်းတစ်မျိုးပဲဖြစ်ပြီး သင့်အနေနဲ့ Mario, Luigi, Toad, Yoshi နဲ့ တစ်ခြားအကောင်တွေကိုပါ ရွေးချယ်ဆော့ကစားနိုင်မယ်လို့ သိရပါတယ်။
ဂိမ်းဆော့ရမယ့် အရသာကတော့ ကျွန်တော်တို့ ငယ်ငယ်က ကစားရတဲ့ Mario ဂိမ်းနဲ့ အနည်းငယ် အရသာ ကွာဟမှာဖြစ်တယ်လို့ သိရပြီး ပန်းတိုင်ကတော့ အတူတူပါပဲ။ Princess Peach ကို villainous Bowser ရဲ့ လက်ထဲကနေ သွားရောက် ကယ်ထုတ်ရမယ့် ပန်းတိုင်ပဲဖြစ်ပါတယ်။
Super Mario Run ဂိမ်းမှာတော့ စက္ကန့် ၆၀ စိန်ခေါ်မှုလည်း ပါဝင်လာမှဖြစ်ပြီး သူငယ်ချင်းတွေနဲ့အတူ စက္ကန့်ခြောက်ဆယ်အတွင်း ဒင်္ဂါးစုတာကို ပြိုင်ဆိုင်ရမယ့် challenge တစ်ခုဖြစ်ပါတယ်။
( Mocha )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : CNet
0 comments:
Post a Comment