Powered by Blogger.

4GB RAM, Snapdragon 626 ပရော်ဆက်ဆာတို့ပါဝင်တဲ့ Galaxy C7 Pro ဖုန်းထွက်ရှိလာ


Samsung ကတော့ သူတို့ရဲ့ C စီးရီးဖုန်းတစ်ခုဖြစ်တဲ့ C5 Pro ဖုန်းကို ထုတ်လုပ်လိုက်ပြီဖြစ်ပြီး ကောလဟလတွေအတိုင်းပဲ ဖုန်းရဲ့ specs တွေ ပါဝင်လာတာကိုတွေ့ရပါတယ်။

ဖုန်းရဲ့ မျက်နှာပြင်ကိုတော့ ၅.၇ လက်မအကျယ်နဲ့ AMOLED Full HD screen ကို အသုံးပြုထားပြီး Snapdragon 626 chipset ကို အဓိက ပရော်ဆက်ဆာအဖြစ်အသုံးပြုထားပါတယ်။

ကင်မရာအပိုင်းကတော့ ရှေ့ရောနောက်ပါ 16 MP lens တွေကို အသုံးပြုထားပြီး f/1.9 အပါချာပါဝင်ပါတယ်။

64GB အထိ storage အထိပါဝင်လာပြီး 256GB အထိလည်း တိုးချဲ့အသုံးပြုနိုင်ပါတယ်။ ဘက်ထရီကတော့ 3300 mAh ကို အသုံးပြုထားတာကြောင့် ကြာရှည်အသုံးပြုနိုင်မှာဖြစ်ပြီး fingerprint ဆန်ဆာကတော့ ဖုန်းရဲ့ home ခလုပ်ထဲမှာ မြှုပ်ပြီးအသုံးပြုထားပါတယ်။

လုံခြုံရေးကောင်းလာမယ့် ဖုန်းတစ်လုံးဖြစ်ပြီး Android ဗားရှင်းကတော့ 6.0.1 Marshmallow ဗားရှင်းကို အသုံးပြုထားပါတယ်။

( Mocha )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Android Authority

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment