Powered by Blogger.

Age of Empires: Castle Seige ဂိမ်း မကြာမီတွင် Android ဖုန်းများအတွက် ထွက်ရှိလာတော့မည်


Smoking Gun Interactive ကနေ ထုတ်လုပ်တဲ့ Age of Empires: Castle Seige ဂိမ်းကတော့ Android မှာ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။

ဒီဂိမ်းကိုတော့ Google ရဲ့ Android ပလက်ဖောင်းမှာ အခုမှမိတ်ဆက်တာဖြစ်ပြီး Windows Phone တွေမှာတော့ ၂၀၁၄ ခုနှစ်တည်းက ပွဲဦးထွက် မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။

ဒီဂိမ်းမှာတော့ အင်ပါယာတစ်ခုကိုတည်ထောင်ရမှာဖြစ်ပြီး ကိုယ့်ရဲ့ အင်ပါယာကို တည်ထောင်ရင်းနဲ့ နယ်မြေချဲ့ထွင်သွားတဲ့ ပုံစံပဲကစားရမှာပါ။ လူမျိုးစုတွေထဲမှာတော့ Britons, Franks နဲ့ Kievan Rus တို့ ပါဝင်မယ်လို့ သိရပြီး ကစားသူတွေဟာ troops တွေကို လေ့ကျင့်ပေးပြီး တစ်ခြားကစားသူတွေနဲ့ တိုက်ခိုက်ရာကနေ leaderboards ပေါ်ကို တက်ရောက်သွားနိုင်မှာဖြစ်ပါတယ်။

ဒီဂိမ်းကတော့ iOS နဲ့ Window တွေမှာ ရရှိပြီးဖြစ်ပြီး Android ကိုတော့ အခုမှစတင်ဝင်ရောက်တာပါ။ CoC လိုမျိုး ဂိမ်းတစ်ခုပဲဖြစ်တာကြောင့် ဆော့ကစားသူတွေဟာ အနည်းငယ်တော့ ပျင်းရိဖွယ်ရှိပါတယ်။ ဒီဂိမ်းကတော့ လာမယ့် မတ်လမှာ ထွက်ရှိမှာဖြစ်ပါတယ်။

( Mocha )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Android Authority


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment