Powered by Blogger.

ထွက်ရှိလာမယ့် BlackBerry ရဲ့ Mercury စမတ်ဖုန်းအကြောင်းကို လေ့လာကြည့်ခြင်း


ကနေဒါ ဖုန်းကုမ္ပဏီ BlackBerry ကတော့ သူတို့ရဲ့ ပထမဆုံးတန်ဖိုးသင့်စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Mercury ကို လာမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာပြုလုပ်မယ့် MWC ပွဲကြီးမှာ ထုတ်ဖော်ပြသသွားတော့မှာပါ။

BlackBerry Mercury ကတော့ လူတော်တော်များများ အာရုံစိုက်တာကို ခံနေရတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး Google ရဲ့ Pixel ဖုန်းမှာ အတော်ကောင်းမွန်ခဲ့တဲ့ ကင်မရာဆန်ဆာကို ထည့်သွင်းသွားဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်လာပါတယ်။

Blackberry ရဲ့ Mercury ဖုန်းမှာဆိုရင် ၅.၅ လက်မ မျက်နှာပြင်အကျယ်နဲ့ HD Display ကို အသုံးပြုသွားဖွယ်ရှိပြီး SoC အနေနဲ့ Snapdragon 625 ကို အသုံးပြုသွားဖွယ်ရှိနေပါတယ်။ RAM အနေနဲ့တော့ 4GB ပါဝင်လာမယ်လို့ သိရပြီး ကင်မရာကိုလည်း ကောင်းမွန်အောင် ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ dual SIM အသုံးပြုလို့ရအောင်ထောက်ပံ့ပေးနိုင်ပြီး 300mAh ပမာဏရှိတဲ့ ဘက်ထရီကို အသုံးပြုထားပါတယ်။

Blackberry ဖုန်းဟာ Pixel ဖုန်းရဲ့ ကင်မရာမှာအသုံးပြုထားတဲ့ IMX378 ဆန်ဆာကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေပြီး ပရော်ဆက်ဆာကတော့ Snapdragon 821 ကနေ Snapdragon 625 ပရော်ဆက်ဆာကို အသုံးပြုသွားမယ်လို့ သတင်းတွေ ပြောင်းလဲသွားတာကိုလည်း တွေ့ရပါတယ်။

တန်ဖိုးသင့်ဖုန်းတစ်လုံးဖြစ်မယ်လို့ ဆိုပေမယ့်လည်း ဈေးနှုန်းနဲ့ Specs အသေးစိတ်ကို မသိရသေးတာကြောင့် တန်မတန်ပြောဖို့ စောနေပါသေးတယ်။ ဒါပေမယ့်လည်း Mercury ဟာ BlackBerry အတွက် ပွဲဦးထွက် မိတ်ဆက်တယ်လို့ ပြောရမယ့် စမတ်ဖုန်းတစ်လုံးဖြစ်ပြီး ထင်ထားသလို ကောင်းမွန်မယ့် ဖုန်းတစ်လုံြး
ဖြစ်လာမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

( Mocha )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : CNet

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment