Powered by Blogger.

Samsung Galaxy S8 ကို လာမယ့် မတ်လ ၂၉ ရက်နေ့မှာ ထုတ်ဖော်မယ်လို့ သတင်းထွက်


လာမယ့် မတ်လ ၂၉ ရက်နေ့မှာတော့ Samsung ဟာ သူတို့ရဲ့ နောက်ဆုံးပေါ်ဖုန်းမျိုးဆက်ဖြစ်တဲ့ Samsung Galaxy S8 နဲ့ Samsung Galaxy S8 Edge တို့ကို ထုတ်ဖော်သွားဖွယ်ရှိနေပါတယ်။ ဒီဖုန်းနှစ်လုံးစလုံးကိုတော့  မျက်နှာပြင်ကျယ်အနေအထားနဲ့ ထုတ်လုပ်သွားဖွယ်ရှိနေပြီး ၅.၈ လက်မ ၊ ၆.၂ လက်မဆိုတဲ့ မျက်နှာပြင်တွေနဲ့ ထုတ်လုပ်သွားဖွယ်ရှိနေတာပါ။

ဖုန်းရဲ့ Display မျက်နှာပြင်ကတော့ နေရာအတော်များများကို ဖုံးအုပ်သွားဖွယ်ရှိနေပြီး မျက်နှာပြင်ကျယ်ကျယ် Display ကောင်းကောင်း အသုံးပြုချင်သူတွေအတွက်တော့ အားရစရာဖြစ်လာမှာပါ။ Xiaomi ရဲ့ Mi Mix မျက်နှာပြင်အနေအထားလိုပဲ S8 ကိုလည်း အသုံးပြုသွားဖွယ်ရှိပြီး ရှေ့ဘက်မျက်နှာပြင်မှာ ဘာခလုပ်မှာ ပါဝင်လာမယ့်ပုံမပေါ်ပါဘူး။

Note 7 တုန်းက ဘက်ထရီပြဿနာတွေကြောင့် အကြီးအကျယ်နစ်နာခဲ့ရတဲ့ Samsung ကတော့ သူတို့ရဲ့ ဖုန်းမျိုးဆက်အောင်မြင်မှုကို S8 နဲ့အတူ ပြန်လည်အသက်သွင်းသွားဖွယ်ရှိပြီး Apple ကလည်း သူတို့ကို ပြိုင်ဆိုင်ဖို့အတွက် iPhone 8 ကို ထုတ်လုပ်ဖို့လည်း စိုင်းပြင်းနေပြီဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာ အင်အားအကြီးဆုံး ဖုန်းကုမ္ပဏီနှစ်ခုဖြစ်တဲ့ သူတို့ရဲ့ အားပြိုင်မှုကတော့ ပြင်းထန်လာဖွယ်ရှိနေပါတယ်။

အပေါ်မှာ ဖော်ပြထားတဲ့ဓာတ်ပုံတွေကတော့ Venture Beat ဝက်ဘ်ဆိုက်ကနေ ပေါက်ကြားလာတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။

( Mocha )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : CNet

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment