Powered by Blogger.

ကားပါကင်ရှိတဲ့နေရာတွေကို ဖော်ပြပေးမယ့် Google Maps ကို ထုတ်လုပ်



Google Maps ဟာ သင်ဘယ်မှာ အလုပ်လုပ်တယ်ဆိုတာကို သိရင် သင့်ရဲ့ယာဉ်လမ်းကြောအခြေအနေကိုပါ ပြောပြနိုင်တဲ့အဆင့်ထိ ရောက်လာပြီဖြစ်ပါတယ်။ အဲ့ဒီအပြင်နောက်ဆုံးထွက်တဲ့ Beta Update ဗားရှင်းမှာဆိုရင်၊ သင့်ကို ကားပါကင်ဘယ်နားမှာ ရှိတယ်ဆိုတာကအစ ပြောနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

တကယ်လို့ သင်က အမှတ် A ကနေ B ကို လမ်းကြောင်းတစ်ခု ဆွဲထားမယ်ဆိုရင် သေးငယ်တဲ့ Icon လေးနဲ့ အက္ခရာ P စကားလုံးလေးကို ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။

 တကယ်လို့ ကားပါကင်မရနိုင်တော့ဘူးဆိုရင်တော့ အနီရောင် Icon နဲ့ ပြောင်းလဲ ပြသပေးမှာပါ။
တကယ်လို့ ဦးတည်ရာကို ထပ်ပြီးချဲ့လိုက်မယ်ဆိုရင် ပိုမိုတဲ့ သတင်းအချက်အလက်တွေ ထွက်လာတာကိုတွေ့ရမှာပါ။

လောလောဆယ်မှာ စမ်းသပ်ဆဲအဆင့်ဖြစ်ပြီး မကြာခင်ကာလအတွင်းမှာ Mall တွေ၊ လေဆိပ်တွေနဲ့ တခြားအများပြည်သူဆိုင်ရာ နေရာတွေရဲ့ ပါကင်အနေအထားတွေကို ထည့်သွင်းပေးဖို့အတွက် ပြုလုပ်နေကြောင်း သိရပါတယ်။


( U Min Thant )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: GSM Arena

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment