P10 ဖုန်းမှာ မျက်နှာပြင်ကွေးနဲ့ ရှေ့ဘက်Fingerprint ပါဝင်နိုင်ကြောင်း သတင်းထွက်
Huawei ဟာ P10 ဖုန်းကို လာမယ် ဖေဖော်ဝါရီလထဲကျရင် ဘာစီလိုနာမြို့မှာပြုလုပ်မယ့် MWC ပွဲမှာ ထုတ်ဖော်ဖို့ရှိနေပါတယ်။ ဒီအတွက်လည်း ကောလာဟလသတင်းတချို့ပေါက်ကြားလာပါတယ်။
ဖုန်းသစ်မှာ Fingerprint ဆင်ဆာကို အရှေ့ဘက်မှာ ထားရှိမယ့် ပုံစံသစ်ကို စတင်ထည့်သွင်းဖွယ်ရှိနေပါတယ်။ ဒါကြောင့် Huawei ဖုန်းတွေမှာ တွေ့မြင်ရလေ့မရှိတဲ့ Home Button နဲ့ ပါဝင်လာမယ့် ဖုန်း ဖြစ်လာနိုင်ခြေရှိနေတာပါ။
အဲ့ဒီအပြင် မျက်နှာပြင်နှစ်ဖက်လုံးကိုလည်း အကွေးပုံစံသစ်နဲ့ ထုတ်လုပ်မှာဖြစ်ကြောင်း ဆိုကြပါတယ်။ ယခင်နှစ်က Flagship ဖုန်းနှစ်မျိုးဖြစ်တဲ့ P9 နဲ့ Mate 9 ဖုန်းတွေမှာ ထည့်သွင်းထုတ်လုပ်ခဲ့တဲ့ Dual ကင်မရာ စနစ်ကိုလည်း ဆက်လက်သုံးစွဲဖွယ်ရှိနေပါတယ်။
P10 ဖုန်းကို မတ်သို့မဟုတ် ဧပြီလတွင်းမှာ ထုတ်လုပ်ဖွယ်ရှီပြီး Kirin 960 Chipset, 6GB RAM တွေနဲ့ ထွက်လာနိုင်တာဖြစ်ကြောင်းလဲ သတင်းတွေ ပြေးနေပါတယ်။
( U Min Thant )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: GSM Arena
0 comments:
Post a Comment