HTC ဟာ ထုတ်လုပ်တော့မယ့် ထုတ်ကုန်သစ်တစ်မျိုးအတွက် Teaser ဗီဒီယိုတစ်ခု တင်လိုက်ပါတယ်။ တင်လိုက်တဲ့ ဗီဒီယိုကလစ်ထဲမှာ Theme Song တစ်ပုဒ်နဲ့အတူ “all about U” ဆိုပြီး ရေးသားထားခဲ့တာပါ။
အဲ့ဒီနောက် January 12 Thursday ဆိုပြီး ရေးသားထားတာကြောင့် မနက်ဖြန်မှာ HTC ရဲ့ ဘာထုတ်ကုန် အမျိုးအစားသစ် ထုတ်လုပ်တော့မယ် ဆိုတာ ကြည့်ရှုရမှာပါ။ ကုမ္ပဏီရဲ့ ပြောကြားချက်အရ အင်တာနက်ကနေလည်း Live လွှင့်ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ထိုင်ဝမ်ကုမ္ပဏီ HTC အနေနဲ့ “For U” ဆိုပြီး သတင်းစာရှင်းလင်းပွဲကို Event တစ်ခု ပြုလုပ်ဖို့ရှိနေကြောင်းလည်း ဆိုပါတယ်။ ဖြစ်နိုင်ခြေရှိတာကတော့ “Ocean Note” လို့ Code Name လို့ပေးထားတဲ့ Phablet ပုံစံ စမတ်ဖုန်းတစ်မျိုးကို ထုတ်ဖော်ဖို့ရှိနေတာပါ။ ဒါပေမယ့် Official Title ကိုတော့ HTC U Ultra လို့ ပေးဖို့ရှိနေတာပါ။
အဲ့ဒီအပြင် ဖုန်းပုံရိပ်ကို Weibo လူမှုကွန်ယက်မှာ Post တစ်ခုလည်း တင်ခဲ့ပါသေးတယ်။ ပုံစံကတော့ LG V10 ၊ V20 တို့ပုံစံနဲ့ တူညီပါတယ်။
( U Min Thant )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: Android Authority
0 comments:
Post a Comment