Powered by Blogger.

Xbox Wireless Controller တွေကို ကာလာအသစ်တွေနဲ့ ထပ်မံ ထုတ်လုပ်


Microsoft ဟာ Xbox Wireless Controller တွေအတွက် အရောင်အသစ်နှစ်မျိုးကို ထပ်တိုးပြီး ထုတ်လုပ်လိုက်ပါတယ်။ အနီနဲ့ အစိမ်း / လိမ္မော် နှစ်ရောင်စပ် အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ ဒီလက်ကိုင်တွေကို ကုမ္ပဏီရဲ့ အွန်လိုင်းစတိုးကနေ တစ်ဆင့် ၂၄ရက်နေ့ကစပြီး မှာယူနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဈေးနှုန်းကတော့ ဒေါ်လာ ၆၅ ရှိမယ့် လက်ကိုင်တွေဟာ ဒီဇိုင်းပုံစံတွေ အနည်းငယ် ပြောင်းလဲသွားပြီး နောက်ဘက်အရောင်ခြယ်တဲ့ နေရာက အကွက်တွေမှာ အရောင် အရင့်နဲ့အနုကို ကစားပြီး သုံးထားတာပါ။ ဒီလက်ကိုငတွေဟာ 4K UHD Blu-ray စနစ်ကို လိုက်နိုင်အောင် ပြုလုပ်ထားကြောင်းလဲ သိရပါတယ်။

အရောင်နှစ်မျိုးလဲ ဈေးနှုန်းအတူတူပါပဲ။ Windows 10 ပစ္စည်းတွေအတွက် ထုတ်လုပ်ထားတဲ့ Bluetooth နည်ပညာကိုအသုံးပြုထားပါတယ်။ ဒါကြောင့် Controllers တွေအနေနဲ့ Xbox One, Xbox One S ဂိမ်းစက်တွေအပြင်၊ Windows 10 PC နဲ့ တက်ဘလက်တွေမှာပါ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

( U Min Thant )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Majornelson

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment