Powered by Blogger.

ဘက်ထရီပေါက်ကွဲတာတွေ ဖုန်းအပူလွန်တာတွေ မရှိစေရဘူးဆိုတဲ့ LG G6


Samsung ရဲ့ နာမည်ကျော် brand ဖြစ်တဲ့ Galaxy Note 7 ဖုန်းပေါက်ကွဲမှုတွေကို ထိုးနှက်တဲ့အနေနဲ့ တောင်ကိုးရီးယား ဖုန်းကုမ္ပဏီ LG ဟာ မကြာခင် ထွက်ရှိလာမယ့် သူတို့ရဲ့ LG G6 ဖုန်းမှာ ဒီပြဿနာတွေကို ဘာတွေမှန်းမသိအောင် ထုတ်လုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

 LG ကတော့ ပြိုင်ဘက်ရဲ့ အားနည်းချက်ကို အလဲထိုး ကြေညာခဲ့တာဖြစ်ပြီး ထွက်ရှိလာမယ့် LG G6 ဟာ ထွက်ရှိပြီးဖြစ်တဲ့ LG G5 modular ဖုန်းထက် ပိုမိုအောင်မြင်မှုရရှိဖို့ မျှော်မှန်းနေပါတယ်။

လုံခြုံမှုအမြင့်မားဆုံး နည်းပညာတွေကို LG တို့ အသုံးပြုသွားဖွယ်ရှိပြီး Laptop တွေ မှာ အသုံးပြုလေ့ရှိတဲ့ အပူလျှော့ heat pipe တွေကိုလည်း သူတို့ရဲ့ ဖုန်းတွေမှာ အသုံးပြုသွားဖွယ်ရှိနေတာကြောင့် ဖုန်းပူတယ်ဆိုတဲ့ ပြဿနာမရှိနိုင်ဘူးလို့ ကြေညာခဲ့တာပါ။

LG ကတော့ သူတို့ရဲ့ ဘက်ထရီတွေကိုလည်း လုံးဝပေါက်ကွဲမှုမရှိစေဖို့အတွက် အထူးစီမံထုတ်လုပ်ထားပြီး လောလောဆယ်တော့ ဖုန်းနဲ့ ပတ်သက်တဲ့ ဘာအရိပ်အယောင်မှ မတွေ့ရသေးပါဘူး။

LG G6 ဟာရေစိုခံဖုန်းတစ်လုံးဖြစ်လာနိုင်ဖွယ်ရှိပြီး လာမယ့် မတ်လအတွင်းမှာ ထွက်ရှိလာနိုင်တဲ့ ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။ အတော်လေးကို နည်းပညာမြင့်မားလာမယ့် LG ကတော့ မကြာခင်မှာ G6 ဖုန်းကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

( Mocha )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Android Authority

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment