Powered by Blogger.

Nokia 6 ကို ဇန်နဝါရီ ၁၉တွင် စတင်ထုတ်လုပ်မည်



Nokia အနေနဲ့ စမတ်ဖုန်းလောကထဲကို Nokia 6 ဆိုတဲ့ Android စမတ်ဖုန်းနဲ့ တကျော့ပြန်ခြေချဖို့ စိုင်းပြင်းနေတာ သိနေကြလောက်ပါပြီ။

အသစ်ထွက်မယ့် စမတ်ဖုန်းကို ဖင်လန်ကုမ္ပဏီဟာ တရုတ်ဈေးကွက်မှာစတင်ဖြန့်ချိဖို့ သတင်းပြေးခဲ့ပြီး ယခုအခါမှာတော့ လာမယ့် ၁၉ရက်နေ့မှာ တကမ္ဘာလုံးကို ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဖုန်းကို ယခုအခါမှာ ၉ဒေါ်လာနဲ့ စတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်ပြီး ထုတ်လုပ်သွားမယ့် သတင်းအတွက် လုံးဝတိကျတဲ့အချက်တစ်ချက်စတင်ထွက်ပေါ်လာတာပါ။

Nokia 6 ကို တရုတ်နိုင်ငံမှာ ဇန်နဝါရီလ ၁၉ရက်နေ့က စတင်ပြီး ရရှိနိုင်မှာဖြစ်တယ်လို့ နိုင်ငံရဲ့ အကြီးမားဆုံး အွန်လိုင်းဖြန့်ချိသူဖြစ်တဲ့ JD.com ကဆိုပါတယ်။ စမတ်ဖုန်းဟာ ဈေးနှုန်းအနေနဲ့ တရုတ်ယွမ်ငွေ ၁၆၉၉ (ကျပ် ၃၃၅,၀၀၀ ခန့်) ရှိမှာပါ။

Nokia ဖုန်းသစ်ဟာ မျက်နှာပြင်အကျယ် ၅.၅လက်မရှိတဲ့ 1080p touchscreen ပါဝင်မှာ ဖြစ်ပြီး Snapdragon 430 chipset ကို အသုံးပြုထားပါတယ်။ 16MP ရှိတဲ့ ကျောဘက်ကင်မရာနဲ့ 8MP ရှေ့မျက်နှာကင်မရာတွေ ပါဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 4GB RAM နဲ့ 64GB Internal / Expandable Storage, 3000 mAh ရှိတဲ့ ဘက်ထရီပါဝင်မှာဖြစ်ပြီး Android 7.0 Nougat ဗားရှင်းနဲ့ အလုပ်လုပ်မှာ ဖြစ်ကြောင်း သိရှိရပါတယ်။

( U Min Thant )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: GSM Arena

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment