Powered by Blogger.

Samsung ရဲ့ ဒီဇိုင်း အသစ် Foldable Smart phone 2017 အစော ပိုင်းတွင် ထွက်ရှိမည်




Samsung ဟာ ခေါက်နိုင်ချိုးနိုင်သော ဖုန်းအသစ်တမျိုးကို ထပ်မံထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ တောင်ကိုရီးယား ရဲ့ ET News က အသစ်ထွက်ရှိမယ့် ဖုန်းဟာ  Dual-Screen Version  ဖြစ်ပြီး ဒီနှစ် Consumer Electric Show ( အီလက်ထရောနစ်ကုန်စည်ပြပွဲ) ဒါမှမဟုတ် Mobile World Congress (ကမ္ဘာ့ မိုဘိုင်းညီလာခံ) မှာစတင်ပြသမှာဖြစ်ပါတယ်။

Samsung ရဲ့ အသစ်ထွက်ရှိမယ့် Smartphone Screen ကို အရှေ့ အနောက်ခေါက်လို့ရနိုင်တဲ့အပြင် ပတ္တာသဏ္ဍာန် ပြုလုပ်ထားတဲ့ ခေါက်ရိုး ရှိတာကြောင့် မျက်နှာပြင်ကို မထိခိုက်အောင်ကာကွယ်ပေးထားပြီး Tablet ကဲ့သို့လည်း ထားရှိနိုင်ပါတယ်။

Samsung ဟာ  Dual-Screened Smartphones ကို သက်သာသော ဈေးနှုန်းနဲ့စတင်ထုတ်လုပ်မှာဖြစ်ပြီး
“Out-Foldable” လို့ ခေါ်တဲ့ အပြင်ဘက်ကို ခေါက်ပြီး အသုံးပြုလို့ ရတဲ့ ဒီဇိုင်း နဲ့ “In-Foldable” လို့ခေါ်တဲ့ အတွင်းဘက်ကို ခေါက်ပြီး အသုံးပြုလို့ရတဲ့ ပုံစံ ၂ မျိုးနဲ့ ထွက်လာမှာဖြစ်ပါတယ်။

အရင်က ကြားဖူးခဲ့တဲ့ ရိုးရိုး ခေါက်ဖုန်းမဟုတ်ပဲ Touch Screen ခေါက်ဖုန်းအနေနဲ့ ဖြစ်ပြီး  ဒီ Foldable Smartphone ကို Launch မလုပ်ရသေးခင်မှာပဲ  စံနမှုနာ အဖြစ်သတ်မှတ်ပြီး ဈေးကွက်အတွင်းမှာ ရှိတဲ့  ပြိုင်ဘက်ကုမ္ပဏီတွေ  ဖြစ်တဲ့ Lenovo ၊ Oppo နဲ့ Xiaomi တို့ရဲ့ ဈေးကွက်တွေကိုပါ ဒီSmartphone အသစ်နဲ့ ဆက်လက်ထိုးဖောက်သွားမှာ ဖြစ်ပြီး Specification တွေကို တော့ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး ။


အဆိုပါ out-foldable smartphone design တွေဟာ Samsung ရဲ့ ထပ်မံထွက်ရှိလာမယ့် foldable smartphones မျိုးဆက် ရဲ့ နောက်ထပ်ခြေလှမ်း တွေပဲဖြစ်ပါတယ်။  Smartphone ကို ခေါက်ထားတဲ့ အချိန်မှာ OLED panels ဟာ အရှေ့နဲ့နောက်မှာ ရှိနေပြီး ယင်း panel ဟာ ဖုန်းကို ကွေးလိုက်တဲ့ အခါမှာ လည်း အလုပ်လုပ်ပါသေးတယ်။ ဒါ့အပြင် ဒီဖုန်းကို tablet အနေနဲ့လည်း ခေါက်မထား တဲ့ အချိန်မှာ အသုံးပြုနိုင်ပါတယ်။ ဒီလို foldable smartphone အလုပ်လုပ် ပုံ လုပ်နည်း အတွက်အကြံဥာဏ်ကို ရရှိတာကတော့ ၂၀၁၆ ခုနှစ် အစောပိုင်းမှာ ပြသွားခဲ့တဲ့ Lenovo ရဲ့ Lenovo’s foldable concepts နမူနာပြပွဲကနေရရှိခဲ့တာဖြစ်ပါတယ်။

( U Min Thant )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment