Powered by Blogger.

Nokia က Viki လို့အမည်ပေးထားတဲ့ မိုဘိုင်းလ်ကိုယ်ရေးလက်ထောက်ကို တီထွင်နေ


နာမည်ကျော်  ဖုန်းနန်းကျဘုရင် Nokia ဟာ မကြာခင် ဖုန်းလောကအတွင်းမှာ သူတို့ရဲ့ အင်အားစုတစ်ခုကို ပြန်လည်တည်ဆောင်တော့မယ့် ပုံပါပဲ။ “Viki” လို့အမည်ပေးထားတဲ့ ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက်ကို မကြာခင်ထွက်ရှိလာမယ့် Nokia ဖုန်းတွေမှာ ထည့်သွင်းသွားဖို့ ကြိုးစားလျက်ရှိနေပါတယ်။

ဒီလက်ထောက် app ကိုတော့ digital knowledge နည်းပညာနဲ့ အလုပ်လုပ်သွားမှာဖြစ်ပြီး Apple ရဲ့ Siri , Google ရဲ့ Google Voice Assistant တို့လိုမျိုး အသံကို အခြေခံထားတဲ့ AI bot တစ်မျိုးပါ။ Nokia ကတော့ သူတို့ရဲ့ product က ဘယ်လိုဖြစ်လာမယ်ဆိုတာ ဖြေကြားဖို့ ငြင်းဆန်ခဲ့ပြီး တစ်ခြား AI bot တွေနဲ့ အပြိုင်ဖြစ်လာနိုင်ပါတယ်။

ပြီးခဲ့တဲ့ အပတ်တုန်းကတော့ HMD Global က Nokia 6 လို့အမည်ပေးထားတဲ့ Nokia ဖုန်းတစ်လုံးကို ပွဲဦးထွက် မိတ်ဆက်ခဲ့ပြီး Viki တော့ ပါဝင်မလာပါဘူး။ “Viki” ဟာ Nokia ဖုန်းတွေအတွက်တင်မဟုတ်ဘဲ တစ်ခြားဖုန်းတွေကိုပါ အထောက်အကူပေးနိုင်တယ်လို့လည်း သိရပါတယ်။

( Mocha )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : AA

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment