Powered by Blogger.

Xiaomi က Mix Evo ကို Snapdragon 835 SoC ၊ 4GB RAM တွေနဲ့ ထုတ်လုပ်နိုင်


Xiaomi ရဲ့ စမတ်ဖုန်းသစ်တစ်မျိုးကို ဝက်ဘ်ဆိုက်တစ်ခုက ထုတ်ဖော်လိုက်ပြီး နာမည်ကို Xiaomi Mix Evo လို့ နာမည်ပေးထားကြောင်း သိရပါတယ်။ ဖုန်းဟာ Qualcomm ရဲ့ Snapdragon 835 chipset ၊ Internal RAM 4GB တို့နဲ့ ထွက်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဟန်းဆက်ဟာ Android Marshmallow 6.0.1 ဗားရှင်းနဲ့ ထွက်လာမှာဖြစ်ပြီး တခြားအကြောင်းတွေကိုတော့ Xiaomi က ပြောကြားခြင်းမရှိသေးပါဘူး။ ဖုန်းကို Mi Mix စီးရီးအောက်ကနေ ထွက်လာမှာဖြစ်ကြောင်း သတင်းတွေက ဆိုပါတယ်။

ဖုန်းဟာ အကောင်းဆုံး Processor အမျိုးအစားနဲ့ ထွက်လာမှာ ဖြစ်ပြီး ဖုန်းရဲ့ အသေးစိတ်ကို Xiaomi က မကြာမီ ထုတ်ဖော်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

( U Min Thant )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: GSM Arena

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment