Powered by Blogger.

Apple ရဲ့ iPhone 8 မှာ ဘာတွေ ပြောင်းလဲလာနိုင်မလဲ??



 iPhone 7 ပဲရှိသေးတာ။ ဘာလို့ 8 က တန်းလာရမှာလဲ 7S တန်းထွက်မယ်ဆိုပြီး ပြောနေကြပါတယ်။ အရင်ဆုံးအနေနဲ့တော့ သမားရိုးကျ စဉ်းစားကြည့်ပါမယ်။

အနီးဆုံးပြိုင်ဘက် Samsung က S8 နဲ့ Note 8 ဆိုပြီး ထုတ်ဖို့ ပြင်ဆင်နေချိန်မှာ iPhone က 7S ကိုသာ ထုတ်လုပ်နေအုံးမယ်ဆိုရင် flagship တည်ဆောက်ပုံအရ Samsung ထက် နောက်ကျနေသလိုဖြစ်နေပါလိမ့်မယ်။

 marketing ကောင်းတဲ့ Samsung ရဲ့ ကြော်ငြာအားအောက်မှာ Apple မြှုပ်နေသလို ဖြစ်နေမှာစိုးတာကြောင့် အခုလိုပဲ Apple ရဲ့ iPhone ဆယ်နှစ်ပြည့်အနေနဲ့ iPhone 8 ကို အခမ်းနားဆုံးဒီဇို်င်းပိုင်း၊ နည်းပညာပိုင်း ပြောင်းလဲမှုတွေ အမြင့်ဆုံး ဈေးနှုန်းတွေနဲ့ Samsung ရဲ့ 8 စီးရီးလောင်းရိပ်ကို ဖောက်ထွက်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ဈေးနှုန်းစက်တင်ဘာလအတွင်းမှာ ထုတ်လုပ်မယ်လို့ သတင်းထွက်နေတဲ့ ဒီဖုန်းအတွက်တော့ အားလုံးက စိတ်ဝင်စားမှုရှိနေကြပြီး ဈေးနှုန်းကတော့ အနည်းဆုံးဒေါ်လာ ၁၀၀၀ ကနေ စတင်မယ်လို့ ပြောသံတွေကြားနေရပါတယ်။ ဟုတ်ပါပြီ ၊ ဈေးနှုန်းကတော့ လောလောဆယ်မှာတင် ပြောင်းလဲနေပါပြီ။




မျက်နှာပြင်

ဖုန်းရဲ့ မျက်နှာပြင်ကတော့ ထောင့်ကွေးပုံစံဖြစ်လာမယ်လို့သိရပြီး အစွန်းပျောက် OLED မျက်နှာပြင်ပြည့် ဖြစ်လာမှာပါ။ OLED ဆိုတဲ့ အတွက်ကြောင့်တော့ display ပိုင်းကိုစိတ်ချရပြီး သုံးစွဲသူတွေအနေနဲ့ ဖုန်းရဲ့ မှန် မတော်တဆတစ်ခုခုဖြစ်လာခဲ့ရင် ကုန်ကျစရိတ်များနိုင်တာကိုတော့ သတိထားရမှာပါ။

Home ခလုတ်

Home ခလုတ်ဘက်ကို တစ်ချက်ကြည့်ရပါမယ်။ iPhone တွေကို တစ်ခြားဖုန်းတွေကနေ ဒီဇိုင်းအသိအသာကွဲစေခဲ့တာဟာ Home ခလုတ်ပါပဲ။ သူတို့ရဲ့ အမှတ်သညာလိုဖြစ်နေတဲ့ Home ခလုတ်ကို ဖြုတ်လိုက်မယ်ဆိုရင်တော့ Apple တို့ ကိုယ့်အထာနဲ့ ကိုယ်မရှိသလိုဖြစ်သွားနိုင်ပါတယ်။ တိုးတက်လာတဲ့ နည်းပညာအရ physical button တွေ တစ်ဖြည်းဖြည်း ပျောက်လာတဲ့ခေတ်မှာ Apple ကို ဖိအားသိ sensor နဲ့ Home ခလုတ်အသေ (နှိပ်လို့မရတဲ့) Home ခလုတ်တစ်ခုကို Apple တို့ အသွင်ပြောင်းလဲသွားဖွယ်ရှိနေပါတယ်။



ပရော်ဆက်ဆာနဲ့ ဖုန်းတွင်းပြောင်းလဲမှု

ပရော်ဆက်ဆာကတော့ A11 10 nm ချစ်ပ်နဲ့ အဓိက မောင်းနှင်သွားဖွယ်ရှိပြီး Samsung ရဲ့ Qualcomm က ထုတ်လုပ်ပေးတဲ့ Snapdragon 835 10nm ချစ်ပ်နဲ့ အဓိကအားပြိုင်မှုပြုလုပ်သွားမှာပါ။ ဖုန်းတွင်း storage ကတော့ 128GB ကနေ စတင်မယ်လို့ သတင်းတွေထွက်နေပြီး ဖုန်းလုပ်ဆောင်ချက်ပိုင်းမှာတော့ မြန်သည်ထက်မြန်အောင် Apple က စီစဉ်ထားဖွယ်ရှိနေပါတယ်။

ဖုန်းလုံခြုံရေးပိုင်းဆိုင်ရာ တိုးတက်မှုများ

လက်ဗွေစနစ်ကို တောက်လျှောက်အသုံးပြုလာပြီးတဲ့နောက်မှာတော့ Apple တို့ iris scanner ကို နောက်ထပ် လုံခြုံရေးစစ်ဆေးမှုအနေနဲ့ တိုးမြှင့်သွားဖွယ်ရှိနေပါတယ်။ ဒီလုပ်ဆောင်ချက်ကတော့ Samsung ရဲ့ Note 7 မှာ ပါဝင်ခဲ့ပြီးဖြစ်ပါတယ်။

အားသွင်းစနစ်

နောက်ပိုင်းမှာ ကြိုးမဲ့အားသွင်းစနစ်က တော်တော်အလုပ်ဖြစ်လာပါတယ်။ ကြိုးမဲ့အားသွင်းစနစ်ကိုလည်း Apple တို့ ထည့်သွင်းလာဖွယ်ရှိပြီး iPhone 8 အတွက် အဓိက ပြောင်းလဲမှုတစ်ရပ်အနေ နဲ့မြင်တွေ့လာရဖွယ်တွေရှိနေပါတယ်။


တစ်ခြားသော ပြောင်းလဲမှုတွေကတော့ ကြီးကြီးမားမားရှိလာအုံးမှာမဟုတ်သေးပါဘူး။ အားလုံးရင်ခုန်နေတဲ့ မျက်နှာပြင်ပြည့် display နဲ့ ဖုန်းထွက်ဖို့ရှိမရှိကတော့ မသိရသေးဘဲ ၊ လောလောဆယ် ထွက်နေတဲ့ ကောလဟလတွေအရတော့ တော်တော်လေးတိုးတက်မှုတွေရှိလာတာပါ။ ဒေါ်လာ ၁၀၀၀ အနည်းဆုံးရှိမယ့် ဒီဖုန်းမှာတော့ ဒေါ်လာ ၁၀၀၀ နဲ့ တန်တဲ့ ပြောင်းလဲမှုတွေပါဝင်လာပါစေလို့ပဲ မျှော်လင့်ရမှာဖြစ်ပါတယ်။

( Mocha )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Internet

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment