Powered by Blogger.

Samsung က “Hello” အမည်နဲ့ ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက်ကို မှတ်ပုံတင်ထား



Siri, Cortana, Alexa, နဲ့ Ok Google တို့ရဲ့ နောက်ထပ် ပြိုင်ဘက်တစ်ယောက်ကို Samsung ကလည်း မွေးထုတ်ဖို့ ကြိုးစားနေပါတယ်။ အစပိုင်းမှာတော့ ဒီပရောဂျက်ကို Samsung က Bixby လို့ နာမည်ပေးထားခဲ့ပြီး အကြိမ်တော်တော်များများလည်း ပေါက်ကြားခဲ့ဖူးပါတယ်။


 နောက်ပိုင်း ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက် AI bot တွေဟာ device တော်တော်များများမှာ အသုံးဝင်လာတဲ့ အရာတွေဖြစ်ပြီး လက်ပ်တော့တွေမှာ ပိုမိုအသုံးပြုမှု တွင်ကျယ်နေပါတယ်။

ကိုယ့်ရဲ့ လက်ထောက်လို ခိုင်းစေနိုင်တဲ့ AI ကြောင့် အသုံးပြုသူတွေ စိတ်ကျေနပ်မှုရရှိခဲ့ကြပြီး လောလောဆယ်မှာတော့ Samsung ကလည်း Bixby လို့ ကနဦးကသိရတဲ့ bot ပရောဂျက်ကို Hello ဆိုပြီး မှတ်ပုံတင်ထားတယ်လို့ သိရပါတယ်။

အသံကို အခြေခံတဲ့ ဒစ်ဂျစ်တယ်လက်ထောက်တစ်ခုပဲဖြစ်ပြီး ရာသီဥတု ၊ ဆိုရှယ်မီဒီယာ ၊ ဖျော်ဖြေရေးနဲ့ ဂိမ်းတွေအပါအဝင် အသုံးပြုသူဘက်က လိုအပ်တဲ့ အထောက်အကူတွေကိုပေးဖို့အတွက် သေချာပြင်ဆင်ထားတယ်လို့သိရပါတယ်။

Apple ရဲ့ Siri, Microsoft ရဲ့ Cortana တို့ရဲ့ ပြိုင်ဘက်ကောင်းဖြစ်လာမယ့် Hello ကတော့ မကြာခင် Samsung ဖုန်းတွေမှာ စတင်ပြီးရရှိသွားဖွယ်ရှိနေပါတယ်။

( Beauty )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : BGR

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment