Powered by Blogger.

ထရမ့်ရဲ့ ရွှေ့ပြောင်းအခြေချနေထိုင်မှု ပိတ်ပင်လိုက်မှုကို ဆန္ဒပြနေကြတဲ့ Google ဝန်ထမ်းတွေ



Google ရဲ့ ဝန်ထမ်း ၂၀၀၀ ကျော်ဟာ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ရဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေကို ပြည်ဝင်ခွင့်ပိတ်လိုက်တဲ့အပေါ် မကျေနပ်တာကြောင့် ဆန္ဒပြလျက်ရှိနေကြပါတယ်။ သူတို့ဟာ #GooglersUnite ဆိုတဲ့ hash tag ကို အသုံးပြုပြီး California က mountain view မှာ ဆန္ဒပြနေကြတာပါ။


Google ဝန်ထမ်းတွေဟာ ရွှေ့ပြောင်းဒုက္ခသည်တွေအတွက် ဒေါ်လာ ၂ သန်းအထိ လှူဒါန်းထောက်ပံ့ထားတဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ မိတ်ဆွေတွေ အခုလို ဒုက္ခခံစားနေရတဲ့ ကိစ္စတွေမှာ သူတို့လည်း တာဝန်ရှိတယ်လို့ ခံယူထားတယ်လို့ Google မှာ အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအခြေချဝန်ထမ်းတစ်ယောက်က ပြောကြားခဲ့ပါတယ်။

ဒီလို ဆန္ဒပြပွဲမှာတော့ Google ရဲ့ co-founder ဖြစ်သူ Sergey Brin နဲ့ CEO ဖြစ်သူ Sundar Pichai  တို့ကိုယ်တိုင် ဦးဆောင် လှုပ်ရှားမှုတွေပြုလုပ်နေတာဖြစ်ပြီး ဆက်လက်ပြီး ဆန္ဒပြ တောင်းဆိုသွားမှာဖြစ်တယ်လို့ Pichai ကိုယ်တိုင်က ပြောကြားခဲ့ပါတယ်။


မကြာသေးခင် ရက်အနည်းငယ်ကရင်း အခုလို ဆန္ဒပြမှုပြုလုပ်ဖို့ စီစဉ်ထားခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ ထရမ့်ရဲ့ ပိတ်ပင်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ဆက်လက် ဆန္ဒပြပွဲတွေကျင်းပနေတယ်လို့ သိရပါတယ်။

( Mocha )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment