Powered by Blogger.

MWC မှာ ၀င်ရောက်ပြသမယ့် Samsung ရဲ့ Android Tablet


Samsung ဟာ သူတို့ရဲ့ ထုတ်ကုန်ဖြစ်တဲ့ Galaxy S8 ကို ဖေဖော်ဝါရီလ စပိန်နိုင်ငံ ဘာစီလိုနာ မှာ ပြုလုပ်မယ့် Mobile World Congress မှာ ပြသမှာ မဟုတ်ဘူးလို့ ပြောခဲ့ပေမယ့် ဒါဟာ ဘယ်ပစ္စည်းကို မှ မပြသတော့ဘူးဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး ။Electroinic Giant ဖြစ်တဲ့ Samsung ဟာ  Android Tablet ကို ပြပွဲမှာ ၀င်ရောက်ပြသမှာဖြစ်ကြောင်း Invitation ပို့ခဲ့တယ်လို့ သိရပါတယ်။

Samsung ရဲ့ ပထမဆုံး Android Tablet ဖြစ်တဲ့ Tab S2 ကို၂၀၁၅ မှာ Launched လုပ်ခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်က သိရတဲ့ သတင်းအရ ဒီ Device မှာ Snapdragon 820 Soc ( System on a chip) အသုံးပြူထားပြီး မျက်နှာပြင် အကျယ်အ၀န်းကတော့ ၉.၆ လက်မရှိပါတယ်။ မြင်ကွင်းစွမ်းရည်ကတော့ 2048 x 1536 ဖြစ်ပါတယ်။

Tab S3 ဟာ Samsung ရဲ့ Andoid 7.0 Nougat Version သုံးထားတဲ့ ပထမဆုံး Tablet ဖြစ်ပြီး Android ကို Split-Screen အထောက် အပံ့ပေးထားပါတယ်။ တစ်ခါတစ်လေ Samsung Tablet ရဲ့ မျက်နှာပြင်ဟာ အရမ်းပူတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် Samsung အနေနဲ့ Goolge Developers တွေရဲ့ အကူအညီနဲ့Standardized API ကို အထောက်အပံ့ပေးပြီး ပိုမိုကောင်းမွန်အောင်လုပ် နိုင်မယ်လို့ မျှော်လင့်ထားကြောင်းသိရပါတယ်။

Samsung ဟာ Tab S3 မှာ Physical Home Button ထည့်သွင်းထားတယ်လို့သိရပါတယ်။ MWC မှာ ပြသမယ့် Tab S3 ရဲ့ အသေးစိတ် သတင်းအချက် အလက်ကို Samsung ဟာ ကြေငြာထားခြင်းမရှိပဲ ဖေဖော်ဝါရီ ၂၆ရက် မှသာ တရားဝင်သတင်း ထုတ်ပြန်မှာ ဖြစ်ပါတယ်။


( U Min Thant )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref :arstechnica

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment