Powered by Blogger.

Instagram မှာ ပုံများစွာကို တစ်ပို့စ်တည်းမှာ တင်နိုင်တော့မည်



Facebook ကပဲ ပိုင်ဆိုင်ထားတဲ့ လူသုံးများတဲ့ social network တစ်ခုဖြစ်တဲ့ Instagram မှာတော့ ပြောင်းလဲမှုတွေကို ဆက်လက်ပြီး မြင်တွေ့ရဖွယ်ရှိနေပါတယ်။ အသုံးပြုသူတွေ ဆက်လက်တိုးတက်လာစေဖို့အတွက် အခုလိုမျိုးအပြောင်းအလဲတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး လောလောဆယ်မှာတော့ တစ်ချို့သော Android အသုံးပြုသူတွေမှာ စမ်းသပ်လျက်ရှိနေပါတယ်။

Instagram မှာတော့ ဓာတ်ပုံတွေကို filter ပေါင်းများစွာနဲ့ လိုသလို customize လုပ်နိုင်ပြီး ဓာတ်ပုံတွေကို စိတ်ကြိုက်ပြင်ဆင်နိုင်တာကြောင့် အသုံးပြုသူတွေရဲ့ စိတ်ကျေနပ်မှုကို ရရှိနေတာပါ။ လောလောဆယ်မှာတော့ Instagram ဟာ ဓာတ်ပုံတစ်ပုံချင်းစီသာတင်နိုင်သေးပြီး ပုံများစွာကို တစ်ပြိုင်နက်တင်ပြီး လိုသလို filter ချိန်ညှိမှုတွေ ပြုလုပ်နိုင်ဖို့အတွက် ကြိုးစားလျက်ရှိနေပါတယ်။


လောလောဆယ်မှာတော့ ဓာတ်ပုံဆယ်ပုံအထိ တစ်ပြိုင်တည်းတင်နိုင်ဖို့ စမ်းသပ်လျက်ရှိနေပြီး ကြည့်ရှုသူတွေကတော့ ဓာတ်ပုံတွေကို swipe ပြုလုပ်ကြည့်ရှုသွားနိုင်မှာပါ။ တစ်ပုံချင်းစီကိုလည်း ထောက်ကြည့်သွားနိုင်မယ်လို့ သိရပြီး ပုံအောက်မှာ like button ကို ထည့်သွင်းသွားပေးဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

တစ်ချို့သော Android အသုံးပြုသူတွေမှာတော့ Instagram ဗားရှင်း 10.7.0 မှာတင်ပဲ အခုလိုလုပ်ဆောင်ချက်ကို ရရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

( Mocha )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Android Authority

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment