Powered by Blogger.

သတ္တုကိုယ်ထည်နဲ့ထွက်ရှိလာမယ့် LG G6


LG ရဲ့ flagship ဖုန်းတစ်လုံးဖြစ်တဲ့ G6 ဖုန်းကတော့ မကြာခင်မှာ ထွက်ရှိလာတော့မှာပဲဖြစ်ပါတယ်။

ထောင့်ကျယ်တွေကို ရိုက်ကူးနိုင်တဲ့ ကင်မရာအမိုက်စားတွေအပြင် ရေစိုခံနိုင်စွမ်းပါဝင်လာမယ့် သတ္တုကိုယ်ထည်ဆိုတာတွေက G6 ဖုန်းအတွက် စိတ်လှုပ်ရှားမှုအဆင့် အမြင့်ဆုံးကို ရောက်ရှိလာစေခဲ့တာဖြစ်ပါတယ်။

LG နဲ့ဆို Life’s Good ဆိုတဲ့ ဆောင်ပုဒ်လိုမျိုးပဲ LG ရဲ့ ဖုန်းတွေနဲ့ တက်ဘလက်တွေအပြင် တစ်ခြားသောအရာတွေနဲ့ ဘဝကို အကောင်းဆုံးဖန်တီးပေးနိုင်ဖို့ ဆန္ဒရှိနေတယ်လို့ LG က ကြေညာထားပါတယ်။

အရင်ဆုံးမှာတော့ LG G6 ကို S7 လိုမျိုး ဖန်ကိုယ်ထည်နဲ့ ထွက်လာနိုင်တယ်လို့ အစပိုင်း သတင်းတွေထွက်ခဲ့ပေမယ့်လည်း ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရတော့ အပွန်းအပဲ့ဒဏ်နဲ့ အစင်းရာဒဏ်တွေကို ပိုမိုခံနိုင်ရည်ရှိတဲ့ သတ္တုကိုယ်ထည်ကို အသုံးပြုသွားဖွယ်ရှိလာခဲ့တာဖြစ်ပါတယ်။

အခုလို သတ္တုကိုယ်ထည်ဖြစ်လာမယ်ဆိုရင်တော့ ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာဖို့ chance နည်းသွားနိုင်ချေရှိပါတယ်။ လောလောဆယ်မှာတော့ ဘယ် သတ္တုဖုန်းမှာမှ အားအပြည့်သွင်းနိုင်တဲ့အထိ ကြိုးမဲ့စနစ်ကို မသုံးသေးလို့ပဲဖြစ်ပါတယ်။

 LG ကတော့ ဒီစိန်ခေါ်မှုတွေကို ကျော်ပြီး သတ္တုကိုယ်ထည်နဲ့ကြိုးမဲ့အားသွင်းစနစ် နည်းပညာကို အကောင်းဆုံးဖန်တီးသွားမလားဆိုတာကတော့ စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

Mocha

#technology.thihtoolwin.com
Source : Android Authority

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment