Powered by Blogger.

ကျော်လို့မရတဲ့ စက္ကန့်သုံးဆယ်စာ ကြော်ငြာတွေကို ဖြုတ်ချတော့မယ့် YouTube



YouTube မှာ ကြည့်ရှုတဲ့ ဗီဒီယိုတွေမစခင် ကြော်ငြာတွေ တက်တက်လာတာ စိတ်ပျက်ဖို့ ကောင်းတယ်လို့ ခံစားဖူးကြမှာပါ။ ကျော်လို့လည်း မရတော့ ပိုဆိုးတာပေါ့။ ဒါပေမယ့် Google ဟာ ဒီ ကျော်လို့မရတဲ့ စက္ကန့် ၃၀ ဗီဒီယိုတွေကို ၂၀၁၈ခုနှစ်မတိုင်ခင် အပြီးတိုင် ဖယ်ရှားတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

Google က ဒီကြော်ငြာတွေကို ဖြုတ်တာဟာ ပိုမိုကောင်းမွန်လာနိုင်ကြောင်း ပြောရေးဆိုခွင့်ရှိသူရဲ့ ဖော်ပြခဲ့မှာ ဆိုခဲ့တာပါ။ “ကျွန်တော်တို့အနေနဲ့ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံနဲ့ ကြော်ငြာပုံစံသစ်တွေကို အွန်လိုင်းယူဆာတွေအပေါ်ထောက်ပံ့နိုင်ဖို့ ပြုလုပ်နေပါတယ်။

 ဒီအစိတ်အပိုင်းတစ်ရပ်အနေနဲ့ ကျွန်တော်တို့က လာမယ့် ၂၀၁၈ခုနှစ်အမှီ အားစိုက်ပြီးတော့ စက္ကန့်သုံးဆယ်စာ ကျော်လို့မရတဲ့ ကြော်ငြာဗီဒီယိုတွေကို ဖြုတ်ချဖို့အတွက် စီစဉ်နေပါတယ်” လို့ ဆိုခဲ့ပါတယ်။

သုတေသနတွေအရ ဒီကြီးမားတဲ့ အရွေ့ဟာ ဗီဒီယို မျှဝေတဲ့ ဝက်ဘ်ဆိုက်ရဲ့ အသုံးပြုသူနဲ့ ကြော်ငြာလုပ်ငန်းရှင်တွေအကြား ချိန်ခွင်လျှာညှိမှုတစ်ခုလည်း ဖြစ်လာကြောင်းဖော်ပြခဲ့တာပါ။
စက္ကန့်သုံးဆယ်စာ ကြော်ငြာတွေဖြုတ်ချလိုက်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ နားမလည်တဲ့ နိုင်ငံခြားကြော်ငြာတွေ ပြူးတူးပြဲတဲပေါ်လာတဲ့ အတွေ့အကြုံတွေလည်း ရှိနိုင်တော့မှာ မဟုတ်ပါဘူး။ :D

U Min Thant 

#technology.thithtoolwin.com
Source : Tech Juice

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment