Powered by Blogger.

MWC မှာ ထုတ်ဖော်ပြသမယ့် Nokia 3 နဲ့ 5 ဖုန်းတွေရဲ့ အသေးစိတ်အချက်အလက်တွေထွက်ပေါ်


Nokia အနေနဲ့ လာမယ့် Nokia 3 နဲ့ 5 အမည်ရဖုန်းတွေကို လာမယ့် MWC ပွဲမှာ ထုတ်ဖော်လာမယ်လို့ သတင်းတွေထွက်လျက်ရှိနေပါတယ်။

ဒီဖုန်းတွေဟာ Android စနစ်ကို အသုံးပြုလာမှာဖြစ်ပြီး တန်ဖိုးသင့်နဲ့ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ဖုန်းတွေဖြစ်လာနိုင်ပါတယ်။

Nokia ရဲ့ သတင်းတွေကို ထုတ်ဖော်လေ့ရှိတဲ့ Nokia Fan site ကနေ တက်လာတဲ့ သတင်းတွေအရတော့ Nokia 3 ဟာ အောက်မှာဖော်ပြထားတဲ့အတိုင်းဖြစ်လာပြီး ဈေးနှုန်းအနေနဲ့ မြန်မာငွေတစ်သိန်းခွဲလောက်ရှိမှာပါ။

Nokia 3 ရဲ့ specs တွေကတော့


  1. 5.2 or 5.3-inch HD (720p) display
  2. 1.4 GHz quad-core Snapdragon 425 processor and Adreno 308 GPU
  3. 2 GB RAM
  4. 16 GB internal storage
  5. 13 MP rear camera, 5 MP front camera
  6. Android 7.0 Nougat တို့ပဲဖြစ်ပါတယ်။


နောက်ထပ်စွမ်းဆောင်ရည်မြင့်ဖြစ်လာမယ့် Nokia 5 ကတော့ RAM 4GB နဲ့ Snapdragon 430 ဖြစ်တဲ့ အလယ်အလတ်တန်း ပရော်ဆက်ဆာတို့ပါဝင်လာဖွယ်ရှိပြီး မြန်မာငွေ နှစ်သိန်းခွဲဝန်းကျင်အထိ ရှိလာနိုင်တယ်လို့ သိရပါတယ်။ MWC ရောက်ဖို့တော့ ၁၁ ရက်သာလိုတော့တာကြောင့် ဒီသတင်းတွေတကယ်ဟုတ်မဟုတ်ကတော့ အဖြေပေါ်တော့မှာပါ။

( Mocha )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : AA



Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment