Powered by Blogger.

Huawei က စမတ်ဖုန်းမျိုးဆက်သစ် P10 ကို လာမယ့် ၂၆ရက်နေ့ MWC မှာ ထုတ်ဖော်မည်


ကမ္ဘာ့မိုဘိုင်းလ်ကွန်ဂရက်စ်မှာ ထုတ်ဖော်မယ့် ဖုန်းတွေအများအပြားရှိနေတဲ့အထဲက ယခုအခါမှာ Huawei ဟာလည်း အဓိက စမတ်ဖုန်းသစ်ဖြစ်တဲ့ P10 ကို ထုတ်လုပ်ဖို့ရှိကြောင်း ကြေငြာချက်နဲ့အတူ ဝင်ရောက်လာခဲ့ပါတယ်။ ဒီ ဖုန်းသစ်ဟာ Huawei အတွက် P စီးရီး စမတ်ဖုန်းတွေထဲမှာ ယမန်နှစ်ကထုတ်လုပ်ခဲ့တဲ့ P9 ကို ဆက်ခံတဲ့ အမျိုးအစားအနေနဲ့ ထွက်လာမှာပါ။

Huawei ဟာ P10 အတွက် Teaser ဗီဒီယိုတစ်ခု ထုတ်ဖော်ခဲ့တာဖြစ်ပြီး Teaser ထဲမှာ ဖုန်းအတွက် အချက်အလက်အသေးစိတ်ကိုတော့ ထည့်သွင်းရေးသားခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် ဖုန်းသစ်က P10 ဆိုတာ သေချာအောင်တော့ ရေးသားထားတဲ့အပြင် “Change the way the world sees you” ဆိုတဲ့ စကားလုံးကို ခွဲပြီးဖော်ပြသွားတဲ့အပြင်၊ မျက်လုံးနှစ်လုံးနဲ့ အဝိုင်းလေးကို ကြည့်ခြင်းအားဖြင့် မနှစ်ကထုတ်လုပ်ခဲ့တဲ့ P9 လိုမျိုးပဲ P10 မှာ Dual-camera စနစ်ပါဝင်ဖို့ သေချာနေပါတယ်။

Huawei ရဲ့ဖုန်းကို ၂၆ရက်နေ့မှာ တွေ့ရမှာပါ။ Teaser ဗီဒီယိုကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။



( U Min Thant )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment