Powered by Blogger.

Galaxy S8 တင်ပို့မှုကို ဧပြီလ ၁၇ရက်နေ့မှာ Samsung စတင်မည်


Samsung Galaxy S8 ကို မနေ့တုန်းက နယူးယော့ခ်မြို့မှာ Samsung က ထုတ်ဖော်သွားခဲ့ပါတယ်။ မျက်နှာပြင်ဒီဇိုင်းနဲ့ အရွယ်အစားပြောင်းလဲမှု၊ လုပ်ဆောင်ချက်အချို့ပြောင်းလဲမှုတွေကြောင့် မီဒီယာတွေအကြား ပြောစမှတ်ဖြစ်ခဲ့တာတော့ အမှန်ပါပဲ။

Pre Order မှာလို့ရနေပြီဖြစ်တတဲ့ Samsung က ဖုန်းသစ်ကို ဧပြီ ၂၁ရက်မှာ စတင်ထုတ်လုပ်သွားမယ်လို့ ဆိုပေမယ့် အနည်းငယ်စောပြီး ၁၇ရက်နေ့ကနေ ကနေဒါနိုင်ငံမှာ စတင်ရရှိမှာ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ဖုန်း Carrier Bell က အဓိက စမတ်ဖုန်းကို ရရှိနိုင်မယ့် ရက်စွဲအသေးစိတ်ကို ထုတ်ဖော်ခဲ့တာဖြစ်ပြီး ဧပြီ ၁၁မတိုင်မီ Pre Order အနေနဲ့ မှာယူမယ်ဆိုရင် ဧပြီလ ၁၈ရက်မတိုင်မှီရအောင် ပြုလုပ်ပေးမယ်လို့ ဝက်ဘ်ဆိုက်မှာ ဆိုခဲ့တာပါ။

Galaxy S8 ဟာ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၇၈၀ခန့်ရှိမှာဖြစ်ပြီး S8+ ကတော့ ဒေါ်လာ ၈၃၅ ခန့်ရှိမယ်လို့ သိရပါတယ်။ အရောင်အနေနဲ့ Midnight Black, Orchid Gray, Arctic Silver, Coral Blue နဲ့ Maple Gold ဆိုပြီး ရရှိနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

U Min Thant

#technology.thithtoolwin.com

Ref: GSM Arena

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment