Powered by Blogger.

လက်ရှိအကောင်းဆုံးဖြစ်လာမယ့် ဖုန်းကင်မရာကို Samsung Galaxy S8 မှာ အသုံးပြုလာနိုင်ဖွယ်ရှိ


Samsung ရဲ့ Galaxy S8 နဲ့ S8+ ဖုန်းမျိုးဆက်မှာတော့ Sony ရဲ့ နောက်ဆုံးထွက် ကင်မရာဆန်ဆာနဲ့အတူ အကောင်းဆုံးစမတ်ဖုန်း ကင်မရာနဲ့ ပွဲထွက်လာနိုင်ချေရှိတယ်လို့ သိရပါတယ်။

တရုတ်က ထွက်ပေါ်လာခဲ့တဲ့ ပေါက်ကြားမှုတွေအရ Samsung ဟာ Sony ရဲ့ IMX333 ကင်မရာဆန်ဆာကို အသုံးပြုသွားဖွယ်ရှိနေပြီး GSM Arena ကတော့ ဒီကင်မရာဆန်ဆာဟာ Sony ကတောင် တရားဝင်ထုတ်ဖော်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း Samsung Galaxy S8 မှာတော့ ကင်မရာဟာ Flagship ဖုန်းတစ်လုံးရဲ့ ဂုဏ်ပုဒ်နဲ့အညီအကောင်းဆုံးကင်မရာတစ်ခုကိုသာ အသုံးပြုလာနိုင်ပြီးFrame Rate 1000fps အထိရိုက်ကူးနိုင်မယ့် ကင်မရာပါဝင်လာမယ်လို့ သတင်းတွေထွက်နေပါတယ်။

Samsung ရဲ့ ကင်မရာစွမ်းဆောင်ရည်ပိုင်းဟာ Sony ရဲ့ Xperia XZ နာမည်ကြီးဖုန်းနဲ့ တူညီလာဖွယ်ရှိနေပြီး ပရော်ဆက်ဆာကလည်းXZ မှာ အသုံးပြုခဲ့တဲ့ Snapdragon 835 SoC ကိုပဲ အသုံးပြုသွားဖွယ်ရှိနေပါတယ်။ ဒါ့အပြင် S7 ဖုန်းတုန်းက ပါဝင်ခဲ့တဲ့ Home ခလုတ်ကို နှစ်ချက်နှိပ်ပြီး ကင်မရာကိုတန်းခေါ်လို့ရတဲ့လုပ်ဆောင်ချက်ကိုလည်း Home ခလုတ်မပါတဲ့ S8 ဖုန်းမှာ ပါဝါခလုတ်ကို ရွှေ့ပြောငင်းထားတယ်လို့လည်း သိရပါတယ်။

Mocha

#technology.thithtoolwin.com

Ref : BGR
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment