Powered by Blogger.

HTC က U Ultra ကို Supphire မျက်နှာပြင်နဲ့ ထုတ်လုပ်


ပြီးခဲ့တဲ့ သတင်းပတ်က HTC ရဲ့ ထိုင်ဝမ် Facebook Page က Post တစ်ခုမှာ Teaser ပုံရိပ်တစ်ခုတင်ခဲ့ပြီး Message အနေနဲ့ “HTC ဟာ သင့်ကို မမျှော်လင့်တဲ့ အံ့အားသင့်မှုတစ်ခုယူဆောင်လာခဲ့ပါမယ်” လို့ ရေးသားထားပါတယ်။ သတင်းအတိုင်းပဲ HTC ဟာ U Ultra ဖုန်းကို Sapphire မှန်နဲ့ ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။

ဒီဖုန်းဟာ ပြီးခဲတဲ့ CES ပွဲမှာ ထုတ်ဖော်ခဲ့တဲ့ U Ultra စီးရီးရဲ့ Special Edition အနေနဲ့ ထွက်လာခဲ့တာပါ။
Android Central ရဲ့ ဖော်ပြချက်အရ HTC ရဲ့ ဖုန်းကို တန်ဖိုး ဒေါ်လာ ၉၄၅ နဲ့ Pre Order မှာယူနိုင်ပါတယ်။ ဒါဟာဆိုရင် သာမန်ဗားရှင်းထက် ဒေါ်လာ ၂၀၀လောက်ပိုများမှာပါ။
Sapphire မျက်နှာပြင်ဟာ သာမန်ထက် ပိုမိုခိုင်မာပြီး အစင်းရာတွေကိုလည်း ပိုမိုခံနိုင်ရည်ရှိလာတယ်လို့ HTC ကဆိုခဲ့ပေမယ့် စမ်းသပ်ချက်တွေအရ HTC U Ultra ဖုန်းဟာ ကောင်းစွာ ခံနိုင်ရည်မရှိကြောင်းကိုတော့ ဒီဗီဒိယိုမှာ ကြည့်ရှုနိုင်ပါတယ်။ 

U Min Thant

#technology.thithtoolwin.com

Ref:The Verage
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment