Powered by Blogger.

ထွက်ရှိလာမယ့် Xiaomi Mi 6 ဖုန်းရဲ့ ပုံရိပ်တွေပေါက်ကြားလာ


Xiaomi ချစ်သူတွေ တော်တော်များများအကြိုက်တွေ့ခဲ့ကြတဲ့ Xiaomi Mi 5 ဖုန်းရဲ့ အမွေကိုဆက်လက်ခံယူမယ့် Xiaomi Mi 6 ဖုန်းရဲ့  ပုံရိပ်တွေ တရုတ်လူမှုကွန်ယက်စာမျက်နှာ Weibo ကနေတစ်ဆင့် ပေါက်ကြားလာခဲ့ပါတယ်။ ပေါက်ကြားလာတဲ့ ပုံအရတော့
ဖန်သားကို အသုံးပြုထားတဲ့ ဖုန်းမှာ တောက်ပတဲ့အနက်ရောင်ကို အသုံးပြုထားပြီး ကျောဘက်မှာ Lens နှစ်လုံးတွဲ ကင်မရာပါဝင်လာတာကိုေ တွ့ရပါတယ်။

Home ခလုတ်ကိုတော့ ဖုန်းရဲ့ ရှေ့ဘက်မှာ ထည့်သွင်းထားတာကို တွေ့ရမှာဖြစ်ပြီး ဗားရှင် သုံးမျိုးနဲ့ Mi 6 ဖုန်း ထွက်ရှိလာနိုင်တယ်လို့  သိရပါတယ်။ Premium အဆင့်အနေနဲ့တော့ ဘေးမျက်နှာပြင်နှစ်ဘက်ကွေးကို အသုံးပြုသွားဖွယ်ရှိပြီး Snapdragon 821 SoC နဲ့ အတွင်းပိုင်းမှာ တွဲဖက်သွားဖွယ်ရှိနေတာပါ။

ှQuad HD 2K Display ကို Mi 6 မှာ သုံးသွားဖွယ်ရှိပြီး RAM အနေနဲ့တော့ 6GB အထိပါဝင်လာဖွယ်ရှိနေပါတယ်။ ကျောဘက်ကင်မရာ နှစ်လုံးတွဲနဲ့အတူ Internal Storage ကတော့ 256GB အထိ ပါဝင်လာဖွယ်ရှိနေပါတယ်။

Premium ဗားရှင်းမှာတော့ 6GB RAM, 256GB of inbuilt storage, ကျောဘက်ကင်မရာနှစ်လုံးနှဲ့Quad HD 2K Display သုံးသွားဖွယ်ရှိနေပြီး Basic ဗားရှင်းမှာတော့
4GB RAM နဲ့ 64GB inbuilt storage ကို သုံးသွားဖွယ်ရှိနေတာပါ။

ဘက်ထရီပမာဏအနေနဲ့တော့ 4000 mAh အထိပါဝင်လာနိုင်ပြီး တန်ဖိုးငွေအနေနဲ့ မြန်မာငွေငါးသိန်းဝန်းကျင်ကနေ စတင်ရောင်းချသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။


Mocha

#technology.thithtoolwin.com

Ref : NDTV
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment