Powered by Blogger.

Pokemon Go ကစားရင်းနဲ့သေဆုံးသွားရတဲ့ စင်ကာပူနိုင်ငံသား


ကမ္ဘာအနှံ့က လူသားတွေရဲ့ စိတ်ဝင်စားခြင်းကို အပြည့်အဝရရှိခဲ့တဲ့ Pokemon Go ဂိမ်းရဲ့ဆိုးကျိုးတစ်ခုကတော့ စင်ကာပူနိုင်ငံသားတစ်ယောက်အပေါ်မှာ သက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ထိုသူဟာ Pokemon ဂိမ်းကစားနေရင်း ရှားပါးတဲ့ဂိမ်းဇာတ်ကောင် Lapras ကို ဖမ်းမိထားပြီးနောက်ပိုင်း နှလုံးအမောဖောက်ပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

 အသက် ၆၇နှစ်အရွှယ်ရှိ စင်ကာပူနိုင်ငံသားဟာ သူရဲ့အသက်အရွှယ်ကိုတောင် မညှာတာပဲ Ice Pokemon ဇာတ်ကောင်ကို မနေမနားရှာဖွေ့ခဲ့တာကြောင့် ဖမ်းဆီးရမိသွားတာဖြစ်ပါတယ်။

 ထိုသူဟာ Pokemon ဂိမ်းကို အရူးအမူးစွဲလန်းနေသူဖြစ်ပြီး Level 28 အဆင့်ထိရောက်အောင် ကစားထားနိုင်ကာ Pokemon အကောင်ပေါင်းနှစ်ရာကျော်ကိုလည်း ရှာဖွေ့ဖမ်းဆီးထားနိုင်သူဖြစ်ပါတယ်။

ဒါပေမယ့် နှလုံးမကောင်းတဲ့ လက္ခဏတွေရှိနေလို့ ဂိမ်းကစားခြင်းမှ အနားယူထားခဲ့ရာ တစ်နေ့မှာတော့ သူ့မိသားစုနဲ့ နေ့လည်စာစားသောက်ပြီး Marina Bay Sands ဘက်ကို သွားရောက်ခဲ့ရင်းနဲ့ ရှားပါးလှတဲ့ Lapras ဇာတ်ကောင်က သူ့ဖုန်းမှာပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Lapras ကို မရမက လိုက်လံဖမ်းဆီးခဲ့ရာ ဖမ်းဆီးမိခဲ့ပေမယ့် သူရဲ့ရောဂါအခြေအနေ ရုတ်တရတ်ဆိုးရွှားလာခဲ့တာကြောင့် အသက်ဆုံးရှုံးသွားခဲ့ရတာပဲဖြစ်ပါတယ်။

 Pokemon Go ဂိမ်း စတင်နာမည်ကျော်ချိန်တုန်းကလည်း ဒီလိုမတော်တဆဖြစ်ရပ်တွေ များစွာရှိခဲ့တာကြောင့် တချို့နိုင်ငံတွေနဲ့ ပြည်နယ်တွေမှာ ဒီဂိမ်းကစားခွင့်ကို ပိတ်ပင်တားဆီးလို့တောင် ထားပါသေးတယ်။ စင်ကာပူနိုင်ငံသားကို အသက်ဆုံးရှုံးစေတဲ့အထိ ဖြစ်သွားစေနိုင်ခဲ့တဲ့ Lapras ဇာတ်ကောင်ကတော့ မကြာသေးခင်မှ Update Version မှာ ပါဝင်လာခဲ့တာဖြစ်ပြီး ပင်လယ်သတ္တဝါတစ်မျိုးရဲ့ပုံစံနဲ့ ဖန်းတီးထားတဲ့ Pokemon ဇာတ်ကောင်လေးဖြစ်ပါတယ်ခင်ဗျာ။

VitamiN

#technology.thithtoolwin.com

Src : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment