Powered by Blogger.

Gmail မှာ 50MB အထိကြီးမားတဲ့ Attachment File တွေတွဲပို့နိုင်ပြီ



ဒီနေ့ခေတ်မှာ ကြီးမားတဲ့ ဖိုင်တွေကို ပို့ဆောင်နိုင်ဖို့ နည်းလမ်းများစွာရှိလာပါပြီ။

ဒါပေမယ့် တစ်ခါတစ်လေကျရင် Email တွေနဲ့ တွဲပြီး ပို့ဆောင်ဖို့အတွက်ကတော့ အခက်အခဲ တွေ့နေကြဆဲပါ။ ဒါပပေမယ့် သင်က Gmail အသုံးပြုသူတစ်ဦးဆိုရင်တော့ ဒီအခြေအနေကို သင်ကောင်းကောင်း ကျော်လွှားသွားနိုင်တော့မှာဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ Google က Gmail လိပ်စာတွေအနေနဲ့ Attachment တွေကို 50MB အထိကြီးမားတဲ့ ဖိုင်တွေအထိ လက်ခံပို့ဆောင်နိုင်ပြီဖြစ်ကြောင်း Blog ကနေတစ်ဆင့် ပြောကြားခဲ့လို့ပဲ ဖြစ်ပါတယ်။ Google အနေနဲ့ ယခင် 25MB ရှိတဲ့ ပမာဏကနေ နှစ်ဆအထိ တိုးမြှင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ယခုအချိန်မှာ Google ကနေ ထုတ်လုပ်ထားတဲ့ Gmail အပါအဝင် Personal Email Address တွေကို အသုံးပြုသူတွေသန်းပေါင်းများစွာရှိလာပြီဖြစ်ပေမယ့် တခြား Email တွေဖြစ်တဲ့ Outlook နဲ့ Yahoo တို့လို Mail တွေကိုလည်း အသုံးပြုနေသူတွေ များစွာရှိနေဆဲပါပဲ။

U Min Thant

#technology.thithtoolwin.com

Ref: TechnoBuffalo

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment