Powered by Blogger.

Sony ရဲ့ Playstation VR ရောင်းအား ထင်ထားတာထက် ပိုမိုခိုင်မာ


Sony ကထုတ်လုပ်တဲ့ Playstation VR Headset ရဲ့ ရောင်းအားဟာ ကုမ္ပဏီရဲ့ နဂိုခန့်မှန်းထားတာထက် ပိုမိုကောင်းမွန်ခဲ့ကြောင်း သိရပါတယ်။

 ဒီပစ္စည်းကို ပြီးခဲ့တဲ့ အောက်တိုဘာလက စတင်ရောင်းချခဲ့တာပါ။ ကုမ္ပဏီရဲ့ New York Times ကို ပြောကြားချက်အရ ပစ္စည်းသစ်တွေရဲ့ ရောင်းအားဟာ အတော်ကောင်းမွန်ခဲ့ပြီး VR ဈေးကွက်တစ်ခုလုံးမှာ အတော်ရောင်းအားကောင်းခဲ့တဲ့အမျိုးအစားထဲမှာ ပါဝင်ကြောင်းဆိုခဲ့ပါတယ်။

Sony Interactive Entertainment ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာဥက္ကဌ Andrew House ရဲ့ ပြောကြားချက်အရ Sony အနေနဲ့ VR Headset ပေါင်း ၉၁၅၀၀၀ ကျော်ကို အောက်တိုဘာလအတွင်း Product Launch အပြီးမှာ ရောင်းချခဲ့ရကြောင်း သိရပါတယ်။ Sony က ဒီနှစ် ဧပြီလလယ်ပိုင်းလောက်မှာ အလုံးရေတစ်သန်းအထိ ရောင်းချဖို့ မျှော်မှန်းထားကြောင်းလည်း သိရပါတယ်။

Playstation VR ရဲ့ အဓိက ပြိုင်ဘက်တွေဖြစ်တဲ့ တခြားကုမ္ပဏီတွေဟာလည်း သူတို့ရောင်းချခဲ့တဲ့ ယူနစ်တွေကို အသီးသီးထုတ်ဖော်ထားပြီး Sony ကိုတော့ ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပါဘူး။

HTC Vive ဟာ ယူနစ်ပေါင်း ၄၂၀၀၀၀ အထိ ရောင်းချခဲ့ရပြီလို့ သိရပြီး Facebook ရဲ့ Oculus Rift VR ကတော့ ၂၀၁၆ နှစ်ကုန်အထိ ယူနစ်ပေါင်း ၂၄၃၀၀၀ ကျော်ရောင်းချခဲ့ရကြောင်း New York Times ကဆိုပါတယ်။

U Min Thant

#technology.thithtoolwin.com

Ref: The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment