Powered by Blogger.

Kong ရဲ့ Skull Island တည်နေရာကို Google Map မှာရှာဖွေနိုင်


Legendary ရဲ့ နောက်ထွက်မယ့်ဇာတ်ကားဖြစ်တဲ့ Kong: Skull Island ကို နောက်အပတ်ထဲမှာရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။ ဒီအတွက်ကို Google က ပျော်စရာတစ်ခုအနေနဲ့ Google Maps မှာ ဖန်တီးပေးထားပါတယ်။

သင့်အနေနဲ့ Google Maps မှာ Skull Island လို့ရှာလိုရင် ပစိဖိတ်သမုဒ္ဒရာရဲ့ အီကွေတာတောင်ဘက်အခြမ်းမှာရှိတဲ့ ကျွန်းတစ်ကျွန်းကို ပြသပေးမှာပါ။ ဝမ်းနည်းဖို့ကောင်းတာက သူ့ Map အပြည့်အစုံကို ပြမှာမဟုတ်ပဲ သင့်ကို သမုဒ္ဒရာအလယ်တစ်နေရာကိုသာ ပွိုင့်လေးပြသပေးနေမှာပါ။

Google ဟာ ယခင်တုန်းကလည်း ဒီလိုပုံစံတူအနေနဲ့ Batman ရဲ့ Batcave (Ben Affleck Edition)၊ Sherlock နဲ့ ဒေါက်တာဝတ်ဆန်တို့ရဲ့ 221B Baker St အိမ်စတဲ့ နာမည်ကျော်အမှတ်သင်္ကေတတွေ ကိုလည်း Street View ကင်မရာတွေနဲ့ 360° ရိုက်ကူးပြသခဲ့ဖူးပါတယ်။


U Min Thant

#technology.thithtoolwin.com

Ref: The Verge

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment