Xiaomi Mi 6 နဲ့ Mi 6 Plus မှာ ပါဝင်လာမယ့် Specs အပြည့်အစုံပေါက်ကြားလာ
လာမယ့် ဧပြီလအတွင်းမှာ ထွက်ရှိလာမယ်လို့ သတင်းတွေထွက်နေတဲ့ Xiomi Mi 6 နဲ့ Mi 6 Plus ဖုန်းတွေမှာပါဝင်လာမယ့် Specs အပြည့်အစုံစာရင်းကတော့ထွက်ပေါ်လာခဲ့ပါတယ်။
ဖုန်းနှစ်လုံးစလုံးမှာတော့ Snapdragon ရဲ့ နောက်ဆုံးထွက်စွမ်းဆောင်ရည်မြင့်
835 ပရော်ဆက်ဆာချစ်ပ်ကို အသုံးပြုထားပြီး Mi 6 ကတော့ 5.15 လက်မမျက်နှာပြင်နဲ့ Mi 6 Plus ကတော့ ၅.၆ လက်မမျက်နှာပြင်ကို အသုံးပြုလာဖွယ်ရှိနေပါတယ်။
Mi 6 မှာတော့ RAM 4GB နဲ့ 6GB ဗားရှင်းနှစ်မျိုးသုံးလာဖွယ်ရှိပြီး Mi 6 Plus ကတော့ RAM က 6GB တစ်မျိုးတည်းနဲ့ ထွက်ရှိလာမယ်လို့ ဖော်ပြထားပါတယ်။ ကျောဘက်ကင်မရာ နှစ်လုံးတွဲကတော့ Sony ရဲ့ IMX မျိုးဆက်တွေကို အသုံးပြုထားတာဖြစ်ပြီး ဈေးကတော့
မြန်မာငွေ ငါးသိန်းကနေ ခြောက်သိန်းခွဲကြားအထိရှိနိုင်တယ်လို့ သိရပါတယ်။
ပေါက်ကြားလာတဲ့ Specs အပြည့်အစုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Mocha
#technology.thithtoolwin.com
Ref : Phone Arena
0 comments:
Post a Comment