Powered by Blogger.

Youtube မှာ တစ်ရက်အတွင်း ဗီဒီယိုကြည့်ရှုချိန်ဟာ နာရီပေါင်းတစ်ဘီလျံရှိ


ကမ္ဘာ့ပေါ်ပြူလာအဖြစ်ဆုံး ဗီဒီယိုဝက်ဘ်ဆိုက်ဖြစ်တဲ့ Youtube မှာတော့ တစ်နေ့တာအတွင်း ဗီဒီယိုကြည့်ရှုချိန်စုစုပေါင်းဟာ နာရီပေါင်း
တစ်ဘီလျံအထိရှိနေတယ်လို့ သိရပါတယ်။ သူတို့ရဲ့ tracking ပြုလုပ်ထားမှုအရတော့ ဒီနာရီအေ အတွက်ဟာ အမှန်အကန်ဖြစ်ပြီး အံ့ဖွယ်ပါပဲ။

ကမ္ဘာအနှံ့အပြားက အသုံးပြုသူတွေရဲ့ စုစုပေါင်းတစ်နေ့ဗီဒီယိုကြည့်ရှုချိန်ဟာ နာရီပေါင်းတစ်ဘီလျံရှိနေပြီး သင့်အနေနဲ့ဆိုရင်တော့  နှစ်ပေါင်းတစ်သိန်းလောက် ဗီဒီယိုထိုင်ကြည့်မှ ဒီအတိုင်းအတာကို မှီမှာဖြစ်ပါတယ်။ ဒါ့အပြင် Caption စာတန်းထိုးထားတဲ့ ဗီဒီယို
အရေအတွက်ဟာဆိုရင်လည်း တစ်ဘီလျံအထိရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဗီဒီယိုကြည့်ရှုမှုမြင့်မားလာတာကြောင့် Youtube မှာ ကြည့်ရှုမှုအများဆုံးစံချိန်တွေဟာလည်း တရစပ်တင်လျက်ရှိနေပါတယ်။

Mocha

#technology.thithtoolwin.com

Src : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment