Powered by Blogger.

လူများများနဲ့ ကြည့်တတ်တဲ့သူတွေအတွက် ရည်ရွယ်ထားတဲ့ Hisense ရဲ့ 4K TV



Hisense ဟာ CES မှာ စမတ်တီဗီကို ထုတ်လုပ်ပြီး ထင်ရှားစေခဲ့ပါတယ်။ ဒီနှစ်ထဲမှာပဲ ထုတ်လုပ်မယ်လို့ ကုမ္ပဏီက ပြောကြားခဲ့တဲ့အတိုင်း အရောင်းဆိုင်တွေကို ရောက်ရှိတော့မှာပါ။ Hisense ရဲ့ H6D, H7D, H9D နဲ့ H9D Plus စီးရီးတွေအတွက် ဈေးနှုန်းနဲ့ အရွယ်အစားတွေကို ထုတ်ဖော်လိုက်တာပါ။

7K မော်ဒယ်အတွက် ၄၃လက်မ အရွယ်အစားရှိတဲ့ H6D ကို ဒေါ်လာ ၃၄၈ ကနေ Top Line ဖြစ်တဲ့ ၆၅လက်မအရွယ် H9D Plus နဲ့ ULED Edge LED အထိကို ဒေါ်လာ ၂၀၀၀ အထိ ဈေးရှိမှာပါ။

Roku နည်းပညာပါဝင်တဲ့ Item တွေအတွက်တော့ အသေးစိတ်ကို ယခုထိ မသိရသေးပေမယ့် အထဲမှာ ပြန်လည် ဒီဇိုင်းထုတ်ထားတဲ့ ပလက်ဖောင်းပါဝင်ဖွယ်ရှိပြီး Amazon, Netflix, YouTube နဲ့ Vudu တို့ ပါလာမှာပါ။

အဲ့ဒီအပြင် 4K Laser Cast TV projector ကိုလည်း စောင့်ကြည့်ရမှာဖြစ်ပေမယ့် ဒီအမျိုးအစားဟာ crowded နဲ့ ကြည့်နိုင်မယ့် Midrange အမျိုးအစား 4K TV တွေကိုတော့ ကျော်နိုင်ဖို့ လမ်းမမြင်မိပါဘူး။ Hisense ရဲ့ တီဗီတွေဟာ ပြိုင်ဘက်ဖြစ်တဲ့ Vizio ရဲ့ M-Series ရဲ့ ရောင်းချတဲ့ ၆၅လက်မအရွယ်မော်ဒယ်ကို ဒေါ်လာ ၁၂၀၀ နဲ့ ဒေါ်လာ ၁၀၀ ကျော်များနေတာကို တွေ့ရပါတယ်။

 Bruce

#technology.thithtoolwin.com

 Ref: Engadget

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment