Powered by Blogger.

ဆွဲထုတ်လို့ရတဲ့ Touch Slider မျက်နှာပြင်နဲ့ ပွဲထွက်လာနိုင်တဲ့ LG V30


BlackBerry Priv ဖုန်းမှာတော့ ဆွဲထုတ်ပြီးအသုံးပြုနိုင်တဲ့ ဖုန်းကီးဘုတ်နဲ့ပါဝင်သလိုမျိုး LG ကလည်း ဖန်တီးလိုက်ပါတယ်။ ဆွဲထုတ်လို့ရပြီး လုပ်ငန်းဆောင်တာတွေအတွက် ကောင်းကောင်းအသုံးဝင်နိုင်တဲ့ ဒုတိယဖုန်းမျက်နှာပြင်ကို LG V30 မှာ တွေ့ရနိုင်ချေတွေရှိနေတာပါ။

LG V30 ရဲ့ အခုလို slider မျက်နှာပြင်နဲ့ ပုံတွေကတော့ တွစ်တာပေါ်မှာ ပေါက်ကြားလာခဲ့ပြီး ဒါကိုလည်း LG က ဒီဇိုင်းပိုင်းရော လုပ်ငန်းတွင်ကျယ်မှုပိုင်းမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်နေတယ်လို့ သိရပါတယ်။



ကျောဘက်မှာလည်း ကင်မရာနှစ်လုံးပါဝင်မယ့် ဒီဖုန်းမှာတော့ အခုလို အပို စပယ်ယာမျက်နှာပြင်လိုမျိုး ထည့်သွင်းပေးလိုက်မှာကတော့ စမတ်ဖုန်းလောကတွင်းမှာ ရိုက်ခတ်မှုတွေရှိလာနိုင်ပါတယ်။ V30 ဟာ LG ရဲ့ ဖုန်းဒီဇိုင်းပိုင်းကို အကြီးအကျယ်ပြောင်းလဲစေမယ့် စမတ်ဖုန်းတစ်လုံး စဖြစ်လာနိုင်ပြီး LG ကလည်း ဒီဖုန်းအတွက် အားစိုက်ထုတ်မှုတွေရှိနေပါတယ်။

အခုလို ဒုတိယမျက်နှာပြင်တစ်ခုပါလာတာကြောင့် လုပ်ဆောင်ချက်နှစ်ခုကို တစ်ပြိုင်တည်း ကောင်းကောင်းလုပ်ဆောင်လာနိုင်ချေရှိပါတယ်။ ဂိမ်းဆော့နေတဲ့အချိန်မှာ chat နေတာမျိုးတွေနဲ့ ရုပ်ရှင်ကြည့်နေရင်း Facebook အသုံးပြုတာမျိုးတွေလည်း ရနိုင်တော့မှာပါ။ LG ကတော့ ဒီမျက်နှာပြင်နှစ်ခုကို ပေါင်းစပ်ပြီး လုပ်ငန်းတစ်ခုတည်းကို လုပ်ဆောင်နိုင်အောင် ပြုလုပ်လာမှာလားကတော့ မသေချာသေးပါဘူး။

LG ဖုန်းတွေဟာ နောက်ပိုင်းစွမ်းဆောင်ရည်တွေပိုမိုကောင်းမွန်လာနေပေမယ့်လည်း မိုဘိုင်းလ်ဈေးကွက်အတွင်းမှာ တစ်နေရာရဖို့တော့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။


Mocha

#technology.thithtoolwin.com

Ref : AA
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment